ep6

5.5K 352 2
                                    

(U&Z)

"ဟားဟားဟားဟား!!!!!!!"

လူစည်ကားလှတဲ့ ထိုင်ချင်စဖွယ် ကော်ဖီဆိုင်လေးက မြန်မာဆန်လှတဲ့ မမကြီးလေးယောက်ရဲ့ ရယ်သံပါ။ညှင်သာနေတာပဲ။

"ဒီမှာခင်ဗျ၊မထိပ်တင်ထား မလားဟင်"

သူတို့ဝိုင်းနားလာပြီး စကားဆိုသော ယောကျ်ားတစ်ယောက်ကြောင့် ခုနက ဝက်ဝက်ကွဲ ရီမောနေကြသော ကလေးကြီးများက မျက်နှာတွေတည်သွားကာ ချက်ချင်းပင် ချေမိုးသွားပါတော့သည်။

"အင်း၊ဆို ဘာကိစ္စလဲ"

"ဟား၊ဝမ်းသာလိုက်တာဗျာ၊ဟိုလေ ကျွန်တော့်ကို မမှတ်မိဘူးလားဟင်၊အလယ်တန်းတုန်းက တစ်ခန်းထဲသားတွေလေ၊အင်း....ကျွန်တော်က မထိပ်တင်ထားကိုသဘောကျခဲ့တယ်ဆို ပိုမှန်မယ်ဗျ"

"ဟုတ်လား၊အဲ့တော့"

"အဟီး ပျော်တာပေါ့ဗျာ၊ခုမှပြန်တွေ့တာကို အရှက်မရှိဘူးပဲဆိုဆို ကျွန်တော့်အချစ်ဦးဖြစ်ခဲ့တာကို ပျော်တာပေါ့"

ဂုတ်တွေရေ ပါးတွေရော လက်တစ်ဖက်နှင့်ပွတ်ကာ ရှက်ရမ်းရမ်း နေတဲ့ လူကိုကြည့်ကာ ထားတို့အချင်းချင်း မျက်ခုံးများ ပင့်ပြကြလေသည်။

ထိုလူကမတ်တပ်ရပ်နေပေမယ့် ထားတို့လေးယောက်က ခြေချိတ်ကာ ထိုင်မြဲထိုင်ဆဲ။

ထားကတော့ ထုံးစံလို လက်လေးပိုက်ပြီးခုံနောက်ကိုမှီကာ

"အဲ့တော့ အတော်ကိုပျော်နေတယ်ပေါ့နော် ကိုအဝှာ"

"ပျော်တာပေါ့ဗျာ ဘယ်လိုများမေးလိုက်ပါလိမ့်၊ဟို ကျွန်တော့်နာမည် ကိုမိုးနိုင်ပါဗျ"

ယုယမတို့ ဝင်ပါလေပြီ။

"ဒါဆို ကိုမိုးနိုင်ကို မေးချင်တာကလေ ၊ယုတို့ရဲ့ထားကို ခုထိသဘောကျနေသေးလား"

"ဒါပေါ့ဗျာ၊ဖြေရတာ ရှက်လိုက်တာ ကျွန်တော်ထားကို သဘောကျတာထက်ကိုပိုပါတယ်"

"အို..သံဇဥ်ပြောမယ်။ဒီမှာ၊ သံဇဥ်တို့ သူငယ်ချင်းကို ကြိုက်တယ်ဆို ဒီလိုပြောရုံနဲ့ရမလား၊ဖွဲ့နွဲ့သီကုံးပြီး သေချာလေးပြောပြမှ မိန်းကလေးဆိုတာ ပျော်ဝင်မှာပေါ့"

အချေလေးကို ချစ်မိပြီအေခ်ေလးကို ခ်စ္မိၿပီWhere stories live. Discover now