ep28

4.2K 268 8
                                    

(U&Z)

"မမထား အိပ်ကြရအောင်လေ"

အိပ်ခါနီးကို မအိပ်ပဲ ဒန်းပုခက်ပေါ်မှာ ထိုင်နေလို့ ရေးခေါ်တာလည်းမရ။ထိုင်နေတာကြာပြီရယ်။

"မမထားလို့ ၊ လာဒီကို"

".........."

ရေး ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်ရင်း ကုတင်လေးကိုပုတ်ပြပြီ ခေါ်တာတောင်မလာ။
နှုတ်ခမ်းလေးဆူပြီး ရေးကိုကြည့်နေတဲ့ အပျိုကြီးက တုတ်တုတ်မျှမလှုပ် ။လက်ထဲမှာ silicon ခေါင်းအုံးကို ပိုက်ထားသေး။

ဘယ်လိုလေးလဲကွာ ....ဒါလား 25 နှစ်။

ခေါ်နေတာကိုမလာဘူးပေါ့လေ။

"ရေးကိုချစ်ရင်လာ"

ဆိုတော့ မွေ့ယာပေါ် စွေ့ခနဲတက်လာပါသည်။ရေး ကိုမကြည့်သေးသလို ခေါင်းအုံးလေးကိုလည်းပိုက်ထားဆဲ။ချစ်ဖို့ကောင်းချက်ကြီးက......။

"မမထား ဒီကိုကြည့်၊ရေးကိုကြည့် ဘာဖြစ်နေတာလဲဟင်၊ရေးကိုပြောပြ"

ပုခုံးလေးကို ဖွဖွဆုတ်ကာမေးတော့မှ မပွင့်တပွင့်လေး ဖြေလာတာ

"မအိပ်ရဲလို့"

ခေါင်းလေးငုံ့ပြီးဖြေလာတဲ့ အပျိုကြီးကြောင့် ရေးမှာ ရယ်ချင်သွားရကာ၊ ရယ်လည်းမရယ်ရဲ။ရှက်သွားလို့ တူတူမအိပ်တော့ဘူးဆိုမှဖြင့်။စ ချင်စိတ်ကလည်း တစ်ဖွားဖွား ပေါ်လာတာနဲ့ပဲ

"အင်း.....အရင်က မမထားပြောတော့၊ရေးက ဘာမှမလုပ်လို့ဆို ခုလုပ်မယ်လေ"

"အမ်..ဘာ...ဘာလုပ်မှာလဲဟင်"

"သိဘူးလေ၊ မမထားပဲ မလုပ်တုန်းကပြောပြီးတော့ ၊ခုလုပ်မယ်လေ၊ဘာလေးလုပ်ရမလဲ........"

"ဖုန်း!!!!"

ရေးက ပြောရင်း အနားကိုတိုးသွားတော့ အပျိုကြီးရှက်ပြီး ခေါင်းအုံးနဲ့ ကောက်ထုကာ

"အဲ့ဒါက စတာလေလို့၊တကယ်မှတ်စရာလား။တော်ပြီ မအိပ်ဘူး...အန်တီဖြူနဲ့သွားအိပ်မယ်"

ရေးကို စိတ်ဆိုးပြီး ကုတင်ပေါ်ကဆင်းမယ်လုပ်နေတာကြောင့် ရေးမှာ ခါးကိုဆွဲဖက်ထားရသေးသည်။

အချေလေးကို ချစ်မိပြီအေခ်ေလးကို ခ်စ္မိၿပီWhere stories live. Discover now