part. (2.12)

3K 300 11
                                    




သူကရှင်သန်ခြင်းနတ်
ဘာလို့ရှင်သန်ခြင်းနတ်ကို လိုက်ရှာနေလဲဆိုတော့

လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ကစတာ အဲ့အချိန်လောက်က နတ်ပြည်မှာရှင်သန်ခြင်းနတ်ရဲ့ဂုဏ်သတင်းကဟိုးလေးတစ်ကျော့ကျော်ပေါ့ ရုပ်ရည်ကလည်းနတ်မိမယ်လေးတွေထိုင်ငိုလောက်ပီး လှပကျော့ရှင်းတယ်လို့ ထင်ရှားတယ် ရှင်သန်ခြင်းနတ်က ဖြောင့်မတ်မှန်ကန်တယ် စွမ်းအားကလည်းကြီးတာကြောင့် နတ်ပြည်ရဲ့အရေးပါတဲ့နေရာမှာပါဝင်တယ်

ရှင်သန်ခြင်းနတ်က ငယ်ငယ်ထဲက သူကြည့်လို့မရတဲ့သူတစ်ယောက်ရှိတယ် သူက အရမ်းအမြင်ကတ်ဖို့ကောင်းတာပဲ သူကိုအမြဲလိုက်ပြိုင်နေတာ သူကတော့ သေဆုံးခြင်းနတ်

တစ်နေ့ကျတော့ သူနှစ်သက်နေတဲ့ မိုးနတ်မင်းကြီးရဲ့သမီးတော်က သေဆုံးခြင်းနတ်နဲ့ ချစ်ကျွမ်းဝင်နေတယ်တဲ့လေ အဲ့မှာစတာပဲ ဇာတ်လမ်းက

ကိုယ်နှစ်သက်နေတဲ့ မိန်းကလေးက ကိုယ်ရဲ့ပြိုင်ဘက်နဲ့ ချစ်ခင်နှစ်သက်နေကြတာဆိုတော့ ဝန်တိုမှုတွေက ရှင်သန်ခြင်းနတ်ကိုအမှောင်လွှမ်းစေခဲ့တယ် သူတို့အတွဲကိုအနှောက်ယှက်ပေးတယ်လေ

ေနာက်တော့လွန်သွားတယ် ဒါကြောင့် ရှင်သန်ခြင်းနတ်နဲ့ သေဆုံးခြင်းနတ်ရဲ့ စစ်ပွဲဖြစ်တည်လာတယ် စစ်ပွဲမှာ သေဆုံးခြင်းနတ်အရမ်းအလျော့ပေးနေတာကြောင့် နည်းနည်းတောင်သံသရဝင်မိတယ် ဒါမဲ့ စစ်ပွဲအပြီးမှာ ထိခိုက်မှုတွေများသွားပီး နတ်မင်းတွေနေထိုင်တဲ့ အဆောင်တော်တော်များများပျက်စီးသွားတယ်

အဲ့တာကြောင့် နှစ်ယောက်လုံးကို မိုးနတ်မင်းကြီးက အပြစ်ဒဏ်ပေးတယ် ရှင်သန်ခြင်းနတ်ကိုတော့ လူပြည်ကိုနှင်လွှတ်ပြီးတစ်ဘဝ အ​ပြစ်ဒဏ်ခံစေတယ် သူလုပ်ခဲ့တဲ့ အ​ပြစ်တွေလည်းသူသုံးသပ်ဖို့ပေါ့ မှတ်ညာဏ်ပါဖျောက်လိုက်တာကြောင့် သူက ရှင်သန်ခြင်းနတ်ဆိုတာကိုမမှတ်မိတာ သေဆုံးခြင်းနတ်ကိုတော့ ဘာအပစ်ဒဏ်ပေးလိုက်လဲ​ေတာ့မသိဘူး

အခုလာရှာရတဲ့ အကြောင်းရင်းကတော့ မိုးနတ်မင်းကြီးပြန်ခွင့်လွှတ်ပေးလိုက်တာ​ကြောင့် ရှင်သန်ခြင်းနတ်ကို ပြန်ခေါ်စေခဲ့တာ

Because you are systemWhere stories live. Discover now