"ဟူး....အချုပ်အနှောင်ကြီးက လွတ်ပြီကွ ........"
"ရှောင်လန်ရေ အောင်ပွဲခံရအောင် "
"အိုဟိုး.....လုပ်လိုက်လေ ကြာသလားလို့ ဘာစားကြမလဲ "
"mmm......? ဟော့ပေါ့ သွားစားကြမလား "
"အိုခေပါ သွားမယ် သွားမယ် "
ဟော့ပေါ့ သွားစားမယ်ဆိုပြီး ကြံစည်လိုက်သည် သို့သော် တရားရုံးရှေ့မှာတင် အကြမ်းဖက်ခံလိုက်ရသည် ပဝါတစ်ခုနဲ့ နှခေါင်းကို အအုပ်ခံခဲ့ရပြီး မေ့မျောသွားခဲ့သည်။
ချီးပဲဟေ့! .....ကူယွီနဲ့ ကွာရှင်းပြီးလို့ ပျော်ရမလား အောက်မေ့တယ် ဘယ် ခွေးကောင်က ပြန်ပေးဆွဲလဲမသိဘူး။
တရားရုံးထဲတွင် ကူယွီနဲ့ တရားဝင် ကွာရှင်းခြင်း လက်မှတ်ထိုးခဲ့ပြီး ပျော်နေခဲ့တာ အပျော်လေး ကြာကြာမခံပါ ။
ရှောင်လန်ကလည်း အစားအသံကြားလို့ ချက်ချင်းခေါင်းငြိမ့် လိုက်ပေမဲ့ လူပုံ ပြန်ပြောင်းရန် အနည်းငယ်အလို သူ့ Host က ပြန်ပေးဆွဲခံလိုက်ရတော့ တိတ်တိတ်လေး နေနေရတော့သည်။ Host ရေ ရှောင်လန် ရဲ့ အကူညီမပါပဲနဲ့ ခန နေကြည့်ပါ မှတ်လောက်အောင် ပညာပြခံရပါစေ ပြန်ပေးဆွဲတဲ့ သူက Host ပေါ် မညှာပါစေနဲ့ ဦးတော် ဦးတော်
~~~~~~~~
ခေါင်းအနည်းငယ်ကိုက်နေတယ် ဆေးအရှိန်ကြောင့် ထင်ရဲ့ မျက်လုံးဖြေးဖြေးခြင်း ဖွင့်ကြည့်တော့ ရိပေါ်!
"နိုးပြီလား ပေါင်ပေ့ "
"ဘယ်ခေါ်လာတာလဲ ယိယွင်း "
"အဟက်! ကားတင်ပြေးလာတာလေ ဒါနဲ့ဆို ဒုတိယမြောက်ပေါ့ ဒီတစ်ခါတော့ မြို့ပြင်လောက်ထိ ရှည်ရှည်ဝေးဝေးမသွားပါဘူး ကိုယ် ဝယ်ထားတဲ့ အိမ်တစ်ခုပဲခေါ်လာတာ "
"မင်း ကတိပေးထားတယ်လေ ယိယွင်း "
"ဒါပေါ့ ကိုယ် ကတိပေးထားတယ်လေ ဒါမဲ့ ကိုယ်ကတိပေးတဲ့ အထဲမှာ မင်းလေးကို ကားတင်ပြေးတာမပါဘူး "
"မင်း ညစ်ပတ်တာပဲ "
"ရော်! မညစ်ပတ်ပါဘူးဗျ သန့်ပါတယ် ရေချိုးထားတယ် နမ်းကြည့််မလား မွှေးတောင်မွှေးနေသေးတယ် "
YOU ARE READING
Because you are system
Fanfictionအပျင်းထူအဆဲသန် ပန်းချီဆရာလေးရှောင်းကျန့်တစ်ယောက် မတော်တဆမှုတစ်ခုကြောင့်သေဆုံးသွားပါတော့တယ် ရှောင်းကျန့်ဟာ လူ့ဘဝမှာသက်တမ်းစေ့မနေရသေးတဲ့အတွက် အခွင့်အရေးပေးတဲ့အနေနဲ့ system တစ်ခုနဲ့ချိတ်စပ်မိသွားပါတယ် သို့ပေမဲ့လည်း missionတွေလုပ်ဆောင်ရပါမယ်တဲ့လေ ရှောင...