နမ်ချွမ်းမြို့က မကောင်းဆိုးဝါးကိုနှိမ်နင်းတာပဲကို ငါနဲ့ဆိုင်သလားသတ်သတ်ခေါ်လာလိုက်သေးတယ်ဒီလူကြီး သူဒီလောက်စွမ်းအားကြီးနေတာကို တစ်ယောက်ထဲဖြေရှင်းပါလား
"ခင်ဗျားက လူယုတ်မာကြီးသိလား? "
"ဟင့်အင်း "
"ကိုယ်ယုတ်မာတာကိုယ်ဘယ်သိပါ့မလဲနော် ဒီလောက်ပျင်းစရာခြောက်ကပ်နေတာကြီးကိုခေါ်လာသေးတယ်ပေကျင်းမှာဆိုဘယ်လောက်လှလဲ "
"ဟိုမှာကပိုအန္တာရယ်များလို့ကိုယ်ဒီခေါ်လာလိုက်မိတာ "
"ဟာဗျာ ဒီကပိုပျင်းစရာကောင်းတာ ကြည့်အုံး ကစားကွင်းကလူတွေဘယ်ရောက်ကုန်တာလဲ ဘယ်သူမှလည်းမရှိပဲနဲ့ "
"မင်းလေးကလေ အထူးဆန်းပဲသိရဲ့လား သရဲလေးရှောင်ကျန့် "
"ဘာဗျ! "
"ဟုတ်တယ်လေ ဒီကို date ဖို့ခေါ်လာတာမဟုတ်ဘူးမကောင်းဆိုးဝါးလာနှိမ်နင်းတာ "
"ခင်ဗျားနဲ့လည်း မဒိတ်ချင်ပါဘူးနော် "
"အင်း ယုံတယ် "
လည်းပြောသေးတယ်မျက်နှာထားကိုကချိုချဉ်စုပ်နေတဲ့ရုပ်နဲ့ကြည့်အုံး
"ခင်...ခင်ဗျားရုပ်ကြီးကဘာဖြစ်တာလဲ !"
"ဘာဖြစ်လို့လဲ ကောင်လေးရ "
တစ်ခြမ်းစောင်းပြုံးလိုက်ပြီး မျက်ခုံးတစ်ဖက်ပင့်ပြ၏ ကြည့်ကြည့်ရုပ်ကလူယုတ်မာကြီးကျလို့
ဒါလားဝမ်ရိပေါ်နဲ့တူတာ ငါမျက်စိငါးပါးမှောက်ပြီးမြင်မိတာပဲ
"သတိထား ဒီနားမှာအဲ့ကောင်ရှိလိမ့်မယ်!"
"ဟင်! ......ဘာ?....ဘာကောင်လဲ ?"
"သွားရအောင် ကိုယ်တို့သတိရှိနေသင့်တယ်သူအချိန်မရွေးတိုက်ခိုက်လာနိုင်တယ် "
ဟုတ်သားပဲ လူကြီးပြောမှသတိပြုမိတာ ဒီနေရာ ခြောက်ကပ်တာကသာမန်မှမဟုတ်ပဲ ပေကျင်းကလာတုန်းက နေသာတာမှထိန်လို့ ဒီနေရာထဲပဲကွက်ပြီးမှောင်နေတာ ပြီးတော့ လေတွေကလည်းတဖြူးဖြူးတိုက်နေသေးတာ
လူလည်းမတွေ့ရဘူး ရဟာတ်တွေဆိုသံချေးတောင်တက်နေတာ အန္တရယ်တောထဲရောက်နေတာပဲ တကယ်ကြောက်စရာ
YOU ARE READING
Because you are system
Fanfictionအပျင်းထူအဆဲသန် ပန်းချီဆရာလေးရှောင်းကျန့်တစ်ယောက် မတော်တဆမှုတစ်ခုကြောင့်သေဆုံးသွားပါတော့တယ် ရှောင်းကျန့်ဟာ လူ့ဘဝမှာသက်တမ်းစေ့မနေရသေးတဲ့အတွက် အခွင့်အရေးပေးတဲ့အနေနဲ့ system တစ်ခုနဲ့ချိတ်စပ်မိသွားပါတယ် သို့ပေမဲ့လည်း missionတွေလုပ်ဆောင်ရပါမယ်တဲ့လေ ရှောင...