"ဟိုးရှေးရှေးတုန်းကပေါ့ကွယ် တောကြီးတစ်ခုမှာ ကျားကြီးတစ်ကောင်ကျက်စားသတဲ့ ၊ တနေ့တော့ အဲ့တောကြီးထဲကို ၀က်လေးတစ်ကောင်ရောက်သွားတာပေါ့ကွာ အဲ့၀က်လေးဟာ တောထဲ၀င်၀င်ချင်း ကျားကြီးရဲ့စားချင်းကိုခံလိုက်ရပါလေရော"
"အာ့ချို ၀က်ယေးကတေကြွားတာပေါ့ညော်"
ဦးဗလတစ်ယောက် ကလေးတွေပုံပြောပြနေတုန်း ၅နှစ်အရွယ် နိုနိုးရဲ့အမေးကြောင့် ပြုံးလိုက်မိသည်။ ဒီကလေး ဟာ ငရစ်ကလေး။
"အင်းပေါ့ နိုနိုးရဲ့"
ဟင့်!
"ဘာလို့လည်းနိုနိုး ဖိုးကိုပြောဘာလို့ငိုတာလည်း"
"တားက ၀က်ယေးကိုချစ်ရို့ယေ အဲ့ဟာကို ဖိုးက ၀က်ယေးကိုသတ်ပစ်လိုက်တော့ ကောင်းယားရို့ အီးဟီး ဖိုးဖိုးက ရက်ချက်တယ်"
မျက်ရည်ဘူးသီးလုံးလောက်ကျပြီး ငိုလာတဲ့နိုနိုးကြောင့် ဦးဗလလန့်သွားသည်။ သူ့အဖိုးနဲ့ကိုယ်က ကမ္ဘာ့ရန်ဖြစ်တာမို့ နိုနိုးငိုနေတာသိရင် လှရွှေဆိုတဲ့နိုနိုးအဖိုးက ကိုယ့်အိမ်လွှတ်မှာမဟုတ်တော့ ။အဲ့လိုလည်းမဖြစ် သူတို့အိမ်မှာက နိုနိုးမှနိုနိုးဖြစ်နေကြတာ ၊သူကိုယ်တိုင်အပါအ၀င်ပဲဖြစ်တာမို့ ပုံပြင်ကို ပြောင်းပြန်လှန်ပြောပြမို့လုပ်တုန်း။"ဟား ဟား အာ့ချို ၀က်ယေးကတေသွားပြီး ကျားကြီးကအချာ၀တွားတာပေါ့ညော်"
ဒုက္ခပါပဲ သူ့မြေးအရင်းဖြစ်တဲ့ ဇိုက်ကအဆင်းကိုဘီးတပ်ပေးသည်။
"ဗြဲ ..အီးဟီး ဖိုးဖိုး အင့်!ဖိုးဖိုးကိုမထော်ဘူး ဂျိုက်မင်းကိုရဲမထော်ဘူး အီးဟီး"
ကလေး၅ယောက်လောက် ရှိတဲ့ထဲကမှ နိုနိုးတစ်ယာက် ငိုကြီးချက်မနဲ့
သူ့စပန့်၀မ်းဆက်အနီလေးကို ဖုတ်ဖက်ခါပြီးထသွားတာကြောင့် ဦးဗလတစ်ယောက် နိုနိုးကိုအမြန်ဖမ်းဆွဲရသည်။ တကယ်မလွယ်တဲ့ကလေးတွေပါ။"မဟုတ်ပါဘူး နိုနိုးရဲ့ ၀က်လေးကဗိုက်ထဲရောက်ပြီးမသေပါဘူး၊ ဗိုက်ထဲရောက်သွားတော့ ကျားကြီးဗိုက်ထဲကနေပြီး ဗိုက်ကိုကလိထိုးလိုက်တာ ကျားကြီးသေသွားတာပါ နိုနိုးရဲ့"
YOU ARE READING
ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)
Romanceမေတ္တာတရားက အသွားအပြန်ရှိတယ်တဲ့ ငါ့ရဲ့မေတ္တာတွေကိုတော့ မင်းကတုံ့ပြန်မှာလား .Aung Bala Tint Maung (zike) .Chit Chit Myat Noe (Noe Noe) မေတ္တာတရားက အသွားအပြန်ရှိတယ်တဲ့ ငါ့ရဲ့မေတ္တာတွေကိုတော့ မင်းကတုံ့ပြန်မှာလား .Aung Bala Tint Maung (zike) .Chit Chit My...