ep (7)

1.7K 142 20
                                    

"ရေ ရေ အာ့!စပ်လိုက်တာ"

ဇိုက်ရေမတိုက်ဘဲ အနည်းငယ်သာပူတော့တဲ့ရေနွေးကြမ်းကိုငှဲ့ပြီးပေးလိုက်ရသည်။ ငရုတ်သီးထောင်းကိုချဉ်ပေါင်ရွက်အချဉ်ဟင်းနဲ့ဖွားကနယ်ပေးထားတာမို့ တစ်ဇလုံထဲနှစ်ယောက်ခပ်စားနေကြတာဖြစ်သည်။

ဇိုက်ထောင်းထားတဲ့ငရုတ်သီးထောင်းဘယ်လောက်စပ်တယ်ဆိုတာဇိုက်အသိဆုံး၊ ဒါကိုချစ်ချစ်မြတ်နိုးတို့က ငရုတ်သီးထပ်ကိုက်ပြီးစားသည်လေ မစပ်ဘဲနေတော့မလား။ ဒီကြားထဲဖွားကချဉ်ပေါင်ဟင်းထဲငရုတ်သီးစိမ်းတွေထည့်ချက်သွားသေးတာ။

"ဇိုက်ငါ့ကိုဖုန်းတစ်ချက်လောက်ကမ်းပေး အား! စပ်တာ ရှုး!!"

"ထမင်းစားရင်းဖုန်းမကြည့်နဲ့"

"ချဲထွက်တော့မှာကွ! မြန်မြန်ပေး!"

ထိုသို့ပြောတော့မှပဲ သူ့ဘေးနားရှိတဲ့နိုနိုးဖုန်းကိုအမြန်ယူပေးသည်။ တကယ်တက်လည်းတက်နိုင်တဲ့အကောင်။

"ဘာတဲ့လဲနိုနိုး ၈၈တဲ့လား"

"ခနနေပါဉီး ထိပ်မတည်သေးဘူး ၊ ဟ တည်ပြီတည်ပြီ ၂ထိပ်တဲ့ အိုးဟိုး ၅ပိတ်စမ်း"

ဇိုက်ဝမ်းနည်းသွားသည်။ ၂ထိပ်ဆိုတော့ဇိုက်ကမပေါက်ဖူးပေါ့။ တော်ပြီနောက်ခါဘယ်တော့မှမထိုးတော့ဘူး။ ခင်မောင်ဇင်တို့အမေကိုယုံမိတာမှားပြီ ဟင့်!"

"ဟား ဟားငါပေါက်ပြီကွ ၂၅တဲ့"

လက်သီးလက်မောင်းတန်းပြီး ပျော်ရွှင်နေတဲ့နိုနိုးကိုဇိုက်ငေးကြည့်နေမိသည်။ ချစ်စရာကောင်းလိုက်တာ၊ ခုနကငရုတ်သီးတွေစားထားတာမို့ နှုတ်ခမ်းလေးကထော်ပြီးဆူဆူလေးဖြစ်နေသည်။ တရှုးရှုးတရှဲရှဲနဲ့စပ်နေတာတောင် စာကိုတတောက်တောက်နဲ့ရိုက်နေတာ ဘာလေးနဲ့တူမှန်းမသိ။ဆွဲညှစ်ချင်စရာလေး။

"ဝိုး!! ဒီမှာတွေ့လားဇိုက် ၁၇၀၀၀ရတယ်"

"အွန်း ပျော်လား"

"ပျော်တာပေါ့ တိုတိုဇိုက်ရဲ့ ၊အဟိငါတစ်နေ့လုံးကံတွေကောင်းနေပါလား အဟေးဟေး"

နိုနိုးကချစ်စရာကောင်းပေမယ့် သူပဲပေါက်တာကိုတော့သိပ်မကျေနပ်၊ ခင်မောင်ဇင်ရဲ့အမေကိုယ်တိုင်ပြောတာလေ ၁၇ထွက်ပြီးရင် ၈တစ်လုံးလာတက်တယ်လို့။

ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)Where stories live. Discover now