ep (31)

793 82 27
                                    

နေရခက်တဲ့လေထုကိုဖြိုခွင်းလိုက်သူကတော့ မျိုးစေ။

"ဟားဟား အမေကတော့နောက်ပြီဗျာ၊ အခေါ်ဝေါ်တွေပါပြောင်းလို့။ ပြီးတော့ဘယ်ကဗလလဲ အမေမှားနေပြီ"

"ဘာကို~"

မျိုးစေရဲ့အမေစကားဟမယ်ဖို့ပြင်တုန်းမှာပဲ ခြိမ်းခြောက်သလိုအကြည့်တစ်ခုကြောင့် နှုတ်ကတိခနဲပိတ်သွားသည်။ တစ်ခုခုမှားနေတယ်ဆိုတာသိပေမယ့် သူဘာပြောရဲမှာလဲ သားမျိုးစေလုပ်စာကိုအပူအပင်မရှိထိုင်စားနေရတာဖြစ်တဲ့တွက် ဒီအမေပါးစပ်ပိတ်ယုံပေါ့။

"လာပါအမေရယ် ဟိုမှာမောင်ကကြောင်တောင်တောင်တွေဖြစ်ကုန်ပြီ၊ အမေ့ကိုနောက်မှသားပြောပြစရာတွေရှိတယ် အခုမောင်ကနေမကောင်းဘူး အမေအဲ့ဒါပဲသိထားပေး"

"လာမောင် နိုနိုးတို့သွားရအောင်၊  
အခုမောင့်တိုက်ခန်းကိုလိုက်ပို့ပေးမယ်   ညကျမှမုန့်သွားစားမယ်"

နိုနိုး~ မောင်~ ဘာတွေလဲ၊ ဒေါ်ကေသီဘာကိုမှနားမလည်တော့ပါ။

   စကားဝိုင်းဟာနိုနိုးတို့သားမိနှစ်ယောက်နဲ့တင်ပြီးသွားပြီးတော့ ဇိုက်ကနိုနိုးရဲ့လက်ဆွဲခေါ်သွားခြင်းကိုခံရပါသည်။ သူတို့ပြောနေတာ နားလည်သလိုရှိပေမယ့် ဘာကိုမှမသိတဲ့ဇိုက်ကနားမလည်ပြန်ဘူး။   ပြီးတော့ဇိုက် အဲ့အန်တီကြီးကိုကြည့်မရဘူး။ အဲ့အန်တီကြီးနဲ့အတူ ဇိုက်လက်ကိုဆွဲခေါ်သွားတဲ့ လက်ပိုင်ရှင်ကိုလည်း နည်းနည်းတော့ အင်း~

"နိုနိုးကိုယ့်လက်ကိုလွှတ်!"

အမေနဲ့စကားတွေပြောမိမှာဆိုးလို့ တစ်နည်းအားဖြင့်အလိမ်တွေပေါ်ကုန်မှာဆိုးလို့ အလျင်အမြန်ဇိုက်ကိုဆွဲခေါ်လာတဲ့မျိုးစေခြေလှမ်းတွေတုံ့ဆိုင်းသွားသည်။ မောင်က~ မောင်ကမျိုးစေကိုအော်လိုက်တာ။

"မောင်!"

မယုံနိုင်ခြင်းတွေနဲ့ခေါ်တဲ့မျိုးစေရဲ့အသံကတုန်နေပါလိမ့်မည်။ သို့သော်ဟိုနိုင်ငံမှာလိုရေလိုက်ငါးလိုက်တောင်မဆက်ဆံဘဲ ဒီမြေပေါ်ခြေချတာနဲ့အမျှပြောင်းလဲသွားတဲ့မောင့်လေသံ။  မလာချင်တာ ဒီမြေကိုပြန်မလာချင်တာဒါတွေကြောင့်။

ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)Where stories live. Discover now