ep (18)

1.1K 110 31
                                    


"နိုနိုး!"

"ဂျီ!!"

ဟ! ထူးပုံထူးနည်းကအလန်း။

မြေပဲခွံတွကိုတဖူးဖူးမှုတ်ထုတ်ရင်း ဇိုက်ကိုမကြည့်ဘဲထူး၍ ဗန်းထဲကမြေပဲငါးစေ့လောက်ယူပြီး ပါးစပ်ထဲပစ်ထည့်သည်။

"ကိုယ့်ဖုန်းတစ်ချက်ကြည့်ပေးထား ကားရောက်လို့ခေါ်ရင်မသိလိုက်မှာဆိုးလို့"

"yes!"

ဘေးနားမှာ မြေပဲအခွံချွတ်နေတဲ့နိုနိုးခေါင်းလေးကိုပွတ်ပြီး ဇိုက်ရေချိုးဖို့ပြင်ရန်လှည့်အထွက်

"~~ဂျန်ကန်နီဂျား၀ယ် ဖီးစနကီးစား၀ယ်
ဂျန်ကန်ဖီးစနကီးဂျော်ကနီဂျား၀ယ်~~ရာမ်~ ရာမ်~ ရာမ်~ ရာမ်~"

"နိုနိုးအဲ့တာဘာသီချင်းလဲ"

ဇိုက် နိုနိုးဆိုတဲ့သီချင်းကအနည်းငယ်ထူးဆန်းတာမို့ ဇိုက်မေးကြည့်မိသည်။ ခေါင်းလေးတစ်လှုပ်လှုပ်နဲ့ ဆိုနေတဲ့သီချင်းသံကခပ်စူးစူးလေး။ ဘာမှန်းမသိတဲ့ဘာသာနဲ့ ဘာမှန်းမသိတဲ့သီချင်းကိုဆိုနေပေမယ့် ဒီကလေးလေးချစ်စရာကောင်းတာတော့ ငြင်းမရ။

"ဟာနုမာန်သီချင်းလေ"

"ငါမကြားဖူးဘူး"

"ဇိုက်ကကြည့်မှမကြည့်တာကုလားကားလေ မဟာတန်ခိုးရှင်ဟာနုမာန်လို့ခေါ်တယ်၊ အဲ့ထဲကသီချင်း"

"အော်~"

ဟုတ်တာပေါ့ ညနေဆိုင်ပိတ်ပြီးရင် ခေါင်းရင်းအိမ်မှာအခွေသွားသွားကြည့်နေတာလေ။ ဇိုက်ခေါင်းတငြိမ့်ငြိမ့်နဲ အ၀တ်လဲရန်အိမ်ခန်းထဲသို့သွားလိုက်သည်။

ဇိုက်ပြန်ထွက်လာတော့

ရာမ်~ ရာမ်~ ရာမ်~ ရာမ်~

"ဟော် ဇိုက်ရေ ဖုန်းလာတယ် ၊ အသီးကားတွေရောက်ပြီတဲ့"

"နိုနိုး လိုက်မယ်ဆို"

အိမ်ရှေ့မှာထိုင်ပြီး ဖုန်းကြည့်ရင်းသီချင်းဆိုနေတဲ့နိုနိုးကို ဇိုက်မေးလိုက်တော့

"မလိုက်တော့ဘူး "

ညနေ(5)နာရီထိုးဇိုက်က အချိန်မှန်ကားသွားရသလို နိုနိုးကလည်းTVကြည့်ဖို့သွားရဦးမည်။ ဒီညကုလားကားအသစ်၀ယ်ထားသည်ဟု ဖွားကပြောထားသည်။ ဇိုက်နဲ့တစ်ခါမှကားမလိုက်ဖူးတာမို့ဒီညလိုက်မည်ဟု ပူဆာထားသော်လည်း အခုချိန်မှာဇာတ်လမ်းအသစ်ကိုပိုစိတ်၀င်စားနေတာ။

ရင်ခုန်သံအနီးဆုံး (ရင္ခုန္သံအနီးဆံုး)Where stories live. Discover now