- 2 - [Unicode]

534 68 8
                                    

╭────╮
𝑷𝒓𝒊𝒎𝒓𝒐𝒔𝒆
╰────╯

နှာဖျားကိုတွေးဝှေ့လာတဲ့‌ေဆာင်းလေအေးအေးလေက ဂျပန်မြေကရနေကျဆာကူရာရနံ့လေးတွေလောက်တောင်သူ့အတွက်သဘောကျစရာမကောင်းဘူး...
မွေးရပ်မြေကိုချစ်တဲ့သူတွေချည်းပါပဲ
မချစ်သောသူရယ်လို့ဘယ်ရှိပါ့မလဲ
ခရီးသွားရတာကိုကြိုက်ပါတယ်‌ဆိုတဲ့လူ
‌ေတွတောင်အချိန်တန်ရင် မွေးရပ်မြေကိုလွမ်းတတ်ကြတာပါပဲ
ဒါဆို သူကရော
သူ့မှာရောလွမ်းခွင့်မရှိဘူးလား
ဒါမှမဟုတ် မွေးရပ်မြေလေးမှာပျော်ပျော်ရွှင်ရွှင်နေခွင့်မရ‌တော့ဘူးလား။

"Damငါမင်းတိုက်ခန်းမှာလိုက်နေမယ်"

"ဖြစ်ပါ့မလား အန်ကယ်ကလက်မခံ‌ေလာက်ဘူး"

"ငါရအောင်ပြောမှာမလို့ အဆင်ပြေမှာလားမပြေဘူးလားပြော"

"ငါကရပါတယ်.."

"ဒါဆိုရပြီလေ"

စိတ်ညစ်စရာအိမ်မှာ ဒီထပ်ပိုပြီးမနေချင်တော့ဘူး ပြန်လာဆိုလို့ပြန်လာပြီးပြီပဲ
ဒီလောက်ဝောာ့ရွေးချယ်ပိုင်ခွင့်ရှိမှာပါ..

"အခုကဘယ်ကိုသွားရမှာလဲ ငါ့တိုက်ခန်းကိုလား မင်းအိမ်လား"

"အခုတော့ အိမ်ကိုပေါ့ ငါ့မျက်နှာမှ မမြင်ရရင် မနေနိုင်တဲ့ သူကို မျက်နှာသွားပြရဦးမယ်"

Damကတော့ရယ်နေပေမယ့် သူကမရယ်နိုင်ဘူး
စရောက်ကတည်းကအဆင်ပြေမလာမှုတွေ

"ကိုရီးယားကငါနဲ့လုံး၀မတည့်တဲ့အရပ်ပဲ
လေဆိပ်မှာကတည်းကအဆင်မပြေတာနဲ့စတာဟိုတစ်ယောက်ကြောင့်"

"ဘယ်တစ်ယောက်လဲ"

"ငါ့ကိုလေဆိပ်မှာ၀င်တိုက်သွားတဲ့တစ်ယောက် ပြောပုံကိုက ငါနဲ့ လုံး၀ကီးမကိုက်ဘူး"

"ထပ်တွေ့မှာလဲ မဟုတ်ပဲနဲ့ ကီးမကိုက်လဲ ဘာဖြစ်လဲ ဘာလဲ တွေ့ချင်သေးလို့လား"

"တော်ပါကွာ သူ့ကိုထပ်မတွေ့ချင်ပါဘူး"

Demကရယ်ရင်းခေါင်းညိတ်ပြသည်မလို့ သက်တောင့်သက်သာဖြစ်အောင်ထိုင်လိုက်ရင်းမျက်လုံးတွေကိုမှိတ်ချလိုက်သည်...

 ❝𝖯𝗋𝗂𝗆𝗋𝗈𝗌𝖾❞Место, где живут истории. Откройте их для себя