- 8 - [Unicode]

297 40 8
                                    

╭────╮
 𝑷𝒓𝒊𝒎𝒓𝒐𝒔𝒆
╰────╯

"ကျောင်းပြေးကြည့်တော့ ဘယ်လိုနေလဲ ဘယ်လိုမှမနေဘူးမလား ဘွဲ့က‌ရတော့မယ် အခုထိမရင့်ကျက်သေးဘူး"

"ကျောင်းမှမလစ်ဘူးရင်ကျောင်းသားဘယ်ဟုတ်ပါ့မလဲ"

နံနက်ခင်းအချိန်တွင်တော့ထူးဆန်းစွာနှစ်ယောက်လုံးကျောင်းကန်တင်းရောက်နေကာ
ဆုံးမစကားနားထောင်လိုက် ချေပလိုက်နှင့်အဆင်ပြေနေလိုက်ပုံများ

"မနေ့ညက ဘယ်ရောက်နေတာလဲDamငါဖုန်းခေါ်နေတာကိုမကိုင်ဘူး"

"ငါနဲ့အတူတူProjectလုပ်ရမယ့်သူလေ ~~
သူဖျားနေလို့"

"သူ့မှာမိသားစုမရှိဘူးလား ပိုလိုက်တာ"

"ရှိပါတယ် ဂျပန်ကိုအလည်သွားနေကြတာတဲ့ အိမ်မှာသူတစ်ယောက်ထဲလေ ဖျားနေတော့အားငယ်နေမှာစိုးလို့"

"ထူးဆန်းလိုက်တာ ငါ့အတွက်ပဲတွေးပေးလာတဲ့သူက တခြားတစ်ယောက်ကို‌ေတွးပေးနေတော့ ခံစားချက်တေ‌ွမကောင်းတော့ဘူး"

"Rutoမရယ်ရတ‌ဲ့ဟာသတွေမပြောနဲ့ မနေ့ညက မင်းပဲငါ့လွတ်လပ်ချိန်ကိုမနှောင့်ယှက်နဲ့‌ဆိုပြီးတစ်ယောက်တည်းထွက်သွားတာမဟုတ်ဘူးလား"

"ဒါက ဒီလို...ဒီလို...မျိုး"

"တစ်ခုခုဖြစ်ခဲ့‌ေသးလို့လား"

"ဖြစ်တာပေါ့"

"ဘယ်ကောင်ကရန်စလို့လဲ ရန်ဖြစ်ခဲ့တာလား"

"သဘောကျတဲ့သူတွေ့ခဲ့ရတယ်လေ"

"ဘာကြီး"

"ငါလူတစ်ယောက်ရဲ့ကားနဲ့တိုက်မိမလိုဖြစ်သွားတာ"

"တကယ်ကြီးလား"

"ပြောရရင်အရှည်ကြီးမလို့အကျယ်တ၀င့်ရှင်းမပြချင်တော့ဘူး ပြောချင်တာတော့ရှိတယ် အဓိကက သူ့ညီပဲ ငါပြောဖူးတယ်မလားလေဆိပ်မှာတွေ့ခဲ့တဲ့တစ်ယောက်ဆိုတာလေ"

Demကခေါင်းငြိမ့်ပြတာမလို့Rutoကမျက်နှာလေး၀င်းသွားကာ အားမာန်အပြည့်ဖြင့် ဆက်ပြောဖို့ပြင်သည်

"သူကဆရာ၀န်တဲ့လေ ဒါပေမယ့်ကွာပြောတဲ့ပုံစံကတကယ်ရေခဲတုန်းပဲ သိလားနောက်ပြီးတော့လေ
ဘာရယ်နေတာလဲDamရာအတည်ပြောနေတာကို"

 ❝𝖯𝗋𝗂𝗆𝗋𝗈𝗌𝖾❞Donde viven las historias. Descúbrelo ahora