- 7 - [Unicode]

309 50 10
                                    

╭────╮
  𝑷𝒓𝒊𝒎𝒓𝒐𝒔𝒆
╰────╯

ကားထဲတွင်ထိုင်ကာတစ်ဖက်ကလူကိုတချက်တချက်ခိုးကြည့်မိသည်
ပထမဆုံးပဲ ဒီလိုရင်ခုန်ခြင်းက
သဘောကျတယ် ရိုးရိုးလေးပါပဲ

တစုံတစ်ယောက်ရဲ့ ဖြစ်တည်မှုလေးကိုသူကသဘောကျတယ် ချစ်တာလား ဘာလား မသေချာမရေရာဖြစ်နေသေးပေမယ့်
သဘောကျတယ်...။

"ကျွန်တော့်နာမည်ကHarutoပါ Watanabe Haruto အစ်ကို့နာမည်က"

"Kim Jungkyuပါ"

"Aww"

‌ဆက်ပြောမယ့်စကားတွေသည် တစ်ဖက်လူက ဖုန်းဆက်မည့်ဟန်ကိုတွေ့တာမလို့ အလိုက်သိစွာ ငြိမ်ငြိမ်လေး နေပေးလိုက်သည်

"Kyuလေး ဆေးရုံမှာလား ကိုကို့လူနာပါလာလို့ အင်း အရမ်းကြီးမစိုးရိမ်ရပါဘူး ရောက်လာမှအကြောင်းစုံရှင်းပြမယ်နော်"

ဘေးနားကိုစောင်းငဲ့ကြည့်မိတော့သိချင်သလို မျက်လုံးလေးတွေသည် ချစ်ဖို့တော့လဲကောင်းပါ၏
အိမ်ရဲ့အငယ်ဆုံးလေးသည် လဲ လိုချင်တာရှိလို့ ချွဲရင် အဲ့လိုမျက်လုံးလေးတွေနဲ့လေ

"အစ်ကို့ညီလေးက အထွေထွေအထူးကုပါရဂူလေ စိတ်မပူပါနဲ့"

"ဟုတ်ကဲ့"

"ရှေ့နားဆိုရောက်ပြီ အဆင်ပြေသလို
‌ေနနော်"

တိတ်တိတ်နေလို့ပြောလိုက်သလိုပါပဲ
ဆေးရုံဆိုမှ တကယ်ဂွ သူကဘာမှဖြစ်တာမဟုတ်ဘူးလေ ဒီအစ်ကို ကိုစိတ်၀င်စားလို့ဂွင်ဖန်ပါတယ်ဆိုမှ ။

'Valoel Hospital'

တတိယထပ်အထိ အစ်ကိုကတွဲခေါ်ပေးတာမလို့
ပြုံးချင်စိတ်ကိုထိန်းရင်း ခပ်ဖြေးဖြေးလေး လျှောက်လိုက်သည်

"တကယ်တော့ ဆရာ၀န်နဲ့ပြဖို့ကမလိုပါဘူးအစ်ကိုရဲ့အများကြီးထိတာလဲမဟုတ်ဘူး နည်းနည်းနားလိုက်တော့ပျောက်သွားပြီ"

"ရပါတယ် အစ်ကို့ညီရှိ‌ေနတာမလို့ ဘာကိုမှအားနာစရာမလိုဘူးလေ ဒဏ်ကျန်နေရင် အဆင်မပြေမှာစိုးလို့ စစ်လိုက်တာအကောင်းဆုံးပါပဲ"

"ဟုတ်"

စကားသုံးခွန်းပြောရင် နှစ်ခွန်းလောက်က သူ့ညီအကြောင်း ပါလာနေတာမဟုတ်ဘူးလား
မမြင်ရသေးတာတောင် သ၀န်တိုလွန်းလို့
အမြင်ကပ်လာပြီ

 ❝𝖯𝗋𝗂𝗆𝗋𝗈𝗌𝖾❞Où les histoires vivent. Découvrez maintenant