Uni
ရှဲ့ယွင်တစ်ဖြစ်လည်း ရီပေါက သူ့လက်ထောက် ယွီပင်ရဲ့ အပြောကိုနားထောင်ပြီးနောက်တော့ မျက်နှာတွင်သွေးရောင်ပြန်လွှမ်းလာပြီးဖြစ်တဲ့ ရိုဟန် ကိုကြည့်ကာ
" ဘယ်လိုလဲ အရှင်မင်းကြီး ကိုယ့်နေရာက တော်တော်ကြောက်ဖို့ကောင်းနေတယ်မလား မနေ့ကဘဲ့ ကိုယ့်ကို ခမည်းတော် လို့ခေါ်နေတဲ့ သားတွေဆီက ပုန်ကန်ခံရတာလေ ဟက် "
ရီပေါက ရှောင်းကျန့်ဘေးတွင် ဝင်ထိုင်ကာ လက်နဲ့အချက်ပြလိုက်တော့ မျက်နှာဖုံးနဲ့လူတစ်ယောက်က စာလိပ်တစ်ခုကို ယူလာပေးလေသည်။ရီပေါက ဖွင့်ကာ အသံထွက်ဖတ်လိုက်လေသည်။
" ချင်အင်ပါယာရဲ့ လက်ရှိဘုရင် ဝမ်ရိုဟန် ဟာတိုင်းပြည်တာဝန်အချို့ကို လင့်ဟင်းစေတဲ့အပြင် ကိုယ့်ရဲ့ထီးနန်းနဲ့ကိုယ့်သားတော်တွေရဲ့ပုန်ကန်မှုရန်ကနေပြီး မကာကွယ်နိုင်ခဲ့ဘူး။ တိုင်းသူပြည်သားတွေရဲ့ငတ်ပြတ်မှုကို လစ်လျူရှုထားသည့်အချိန်လည်းများခဲ့တာမို့ မင်းကောင်းမင်းမြတ်တစ်ဦးဖြစ်ရန် မသင့်တော်ဟု ထီးနန်းစောင့်ရှောက်သူအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ငါဝမ်ရီပေါ ကမြင်ခဲ့တယ် ဒါကြောင့် ယနေ့မှစ၍ ထီးနန်းကို နတ်နန်းသခင်ရဲ့ဟောချက်နဲ့အညီ ပြီးတော့ အစဉ်အလာနဲ့အညီ ပထမဆုံးသားတော်ဖြစ်တဲ့ အိမ်ရှေ့စံ ဝမ်ရှီလွေ့ ကို ငါဘုရင်အဖြစ်တင်မြောက်တယ် ပုန်ကန်တဲ့အမှုကိုပြုခဲ့တဲ့ မင်းသားသုံးဝမ်မင်းချောင်နဲ့ သူ့အပေါင်းအပါတွေကို အပြစ်ပေးဖို့အတွက် စီရင်ပြီးတာနဲ့ နန်းတင်ပွဲအခမ်းအနားကိုပြုလုပ်မယ် ဒါ့အပြင် ဘုရင်ကိုဆေးခပ်ခြင်းအမှုကိုပြုခဲ့တဲ့ မင်းသားကိုး ဝမ်ရီပေါဖြစ်တဲ့ ငါကိုယ်တိုင်ကလည်း အပြစ်ရှိခဲ့တဲ့အတွက် အခုမငြိမ်မသက်ဖြစ်နေတဲ့ ထီးနန်းအရေးကိစ္စပြီးတာနဲ့ လက်ရှိရာထူးဖြစ်တဲ့ ထီးနန်းစောင့်ရှောက်သူရဲ့အာဏာကို ယုံကြည်ရတဲ့သူကိုပေးအပ်ပြီး နောက်နောင် ထီးနန်းရေးရာနဲ့ပတ်သင့်တဲ့ အရေးကိစ္စတွေမှာ မပါဝင်တော့ဘူးလို့ ကတိပြုတယ် ယနေ့မှစပြီး မင်းကြီးဝမ်ရိုဟန်ဟာ နန်းကျဘုရင်ဖြစ်စေ "
အဆိုပါစာကို ဖွင့်ဖတ်ပြီးတာနဲ့ ဝမ်ရီပေါဟာ တံဆိပ်တုံးတစ်ခုကိုထုတ်ကာ စာရွက်ပေါ်ထုချလိုက်တော့သည်။
YOU ARE READING
ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင်