အပိုင်း (35.2)

1.5K 126 20
                                    

Uni

နတ်နန်းဆောင်အတွင်းခန်းတွင် ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ရှောင်ကျန့်ရဲ့လက်ကိုဆုပ်ကိုင်ထားတဲ့ ရိပေါကိုကြည့်ပြီး ရှောင်ဝေ့ တစ်ယောက် သက်ပြင်းဖျော့ဖျော့ချမိလေသည်။အခု သူမအစ်ကိုမေ့မျောနေသည်မှာ သုံးပတ်နှင့်သုံးရက်ရှိပြီဖြစ်သည်။

ဒီအတောအတွင်း ရိပေါက အားလုံးကိုအတိုက်အခံလုပ်ကာ ချင်အင်ပါယာအား ရှဲ့အင်ပါယာအဖြစ်ပြောင်းလဲခဲ့လေသည်။ပုန်ကန်ဖို့ကြိုးစားခဲ့တဲ့ မင်းသားသုံးနှင့်မိဖုရားသုံးကိုတော့ ခေါင်းဖြတ်သတ်ခြင်းဆိုတဲ့အပြစ်ဒဏ်ကို‌မပေးခဲ့ဘဲ မြေအောက်အကျဉ်းထောင်တွင်သာ ချုပ်ထားရန် အမိန့်ပေးခဲ့လေသည်။ထိုအမိန့်ကို အမတ်များက မကျေနပ်သဖြစ် ပိုကြီးလေးတဲ့အပြစ်ဒဏ်ကိုတောင်းဆိုကြလေသည်။ဒါပေမယ့် ရိပေါက အချုပ်ခံထားရတဲ့ မင်းသားသုံးနှင့်မိဖုရားသုံး ကိုပြလိုက်တဲ့အချိန်တွင် အားလုံးပါးစပ်ပိတ်သွားကြလေသည်။ဒါပေါ့ ရိပေါက ရိုးရိုးအကျဉ်းချထားတာမှမဟုတ်တာ မြန်မြန်မသေစေချင်လို့ ဤသို့အမိန့်ပေးခဲ့ရုံသာ။

ရှီလွေ့က ရှဲ့အင်ပါယာရဲ့ မင်းကြီးအသစ်ဖြစ်လာတော့သည်။ရှင်းဟွာကလည်း ဧကရီအသစ်ဖြစ်လာခဲ့တာပေါ့။စုန်အင်ပါယာရဲ့ အိမ်ရှေ့စံဝမ်ဖေး ဝမ်ဟောက်ရွမ်း ခမျာမှာတော့ သူနန်းတော်ကထွက်သွားသည်မှာ နှစ်လပင် မပြည့်သေးပေမယ့် အရာအားလုံးပြောင်းလဲသွားသည်ကိုကြည့်ကာ အံ့ဩလို့မဆုံးဖြစ်နေလေသည်။နလန်ထူစ သူ့အဖေကိုလည်း ပြုစုပေးကာ နတ်နန်းသခင်နိုးလာမည့်အချိန်ကိုစောင့်နေလေသည်။

ရိပေါက သူ့စကားကိုသူတည်လေသည်။ထီးနန်းအရှုပ်အထွေးများ ရှင်းသွားသည်နှင့် သူ့ရဲ့အာဏာတံဆိပ်ပြားကို ယုံကြည်ရတဲ့လူထံပေးအပ်ကာ တော်ဝင်ကိစ္စများနှင့် ရှင်းအောင်နေလေသည်။ရှီလွေ့ကတော့ သူ့ညီကိုး ကိုအင်ပါယာဦးရီတော်ဘွဲ့ကိုပေးထားလေသည်။
အမတ်များနှင့်ဘုရင်ဟောင်းဝမ်ရိုဟန် တို့က ရိပေါကို တော်ဝင်မျိုးနွယ်များ၏ နေ့စဉ်မှတ်တမ်းကိုပြန်အပ်စေချင်ပေမယ့် ရိပေါက တိတ်ဆိတ်ခြင်းဖြင့်ငြင်းဆန်နေလေသည်။
---------------------------------------------------------------------------

You've reached the end of published parts.

⏰ Last updated: Apr 28, 2022 ⏰

Add this story to your Library to get notified about new parts!

ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင်Where stories live. Discover now