အပိုင်း(35.1)

905 95 11
                                    

Uni

" လွှတ် ဒီမင်းသမီးကိုလွှတ်စမ်း လွှတ်ဆို "

သူမကိုဖမ်းချုပ်ကာ ဆွဲခေါ်လာသူတွေကို အော်ဟစ်နေပေမယ့် ဘယ်သူမှ သူမကို ဂရုမစိုက်ကြပေ။အဖြတ်ခံထားရတဲ့လက်တို့မှလည်း သွေးများတစ်စက်စက်ကျနေတော့သည်။ဝမ်ကျစ်စွေ့တစ်ယောက် သူမရုတ်တရက်ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အခုမှ နောင်တရစပြုလာတော့သည်။တကယ်တော့ အဲအဆိပ်ဆံထိုးက မင်းသားသုံးကိုသတ်ရန်ရည်ရွယ်ချက်ဖြင့် ယူလာခြင်းဖြစ်သည်။သူမ ခန့်မှန်းထားတဲ့ အဖြစ်အပျက်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်လာ၍ ကြံရာမရဘဲ့ပြုမူခဲ့ခြင်းသာ။

အဆောက်အဦးတစ်ခုရဲ့ အောက်ကိုဆက်တိုက်ဆင်းလာခဲ့ပြီးတော့မှ အခန်းတစ်ခုထဲသို့ သူမအားဆွဲထည့်ကာ အခန်းတံခါးအားပိတ်သွားကြလေသည်။ အခန်းတံခါးပိတ်သွားသည်နှင့် အမှောင်ထုသာကြီးစိုးသွားသောကြောင့် ကျစ်စွေ့တစ်ယောက် သူမရဲ့ခြေထောက်တွေကိုတောင် ပြန်မမြင်ရတော့ပေ။ သူမထရပ်ပြီးအရှေ့ကို နည်းနည်းစမ်းပြီးလျှောက်ကြည့်တော့ နူးညံ့လွန်းတဲ့ အထိအတွေ့ကိုခံစားရလာလေသည်။သူမရဲ့ခြေအောက်မှာက ဘာကြီးပါလိမ့် ဆိုတဲ့အတွေးအစမပြုခင်မှာဘဲ့ နူးညံတဲ့ ကြမ်းခင်းဟာ လှုပ်ရှားလာတော့သည်။အမှောင်ထဲတွင် မြင်လည်းမမြင်ရသလို အောက်ကအရာကိုစမ်းရန်အတွက် သူမမှာ လက်ချောင်းများလည်းမရှိတော့ချေ။

သူမထိတ်လန့်လာကာ

" ဘယ်သူရှိလဲ တစ်ယောက်ယောက်ကယ်ကြပါဦး ကယ်ကြပါ "

လို့အကြိမ်ကြိမ်အော်ခေါ်နေပေမယ့် သူမရဲ့အသံကသာ ပြန်ပြီး ပဲ့တင်သံထွက်လာရုံကလွဲရင် အလွန်ပင်တိတ်ဆိတ်လွန်းနေတော့သည်။ဝမ်ကျစ်စွေ့တစ်ယောက် အလွန်ပင်ကြောက်ရွံလာလေသည်။သို့သော် ဒါဟာ သုခငရဲ ရဲ့ဒုတိယထပ်မြောက်ရဲ့ ပထမဆုံးအခန်းသာဖြစ်လေသည်ကိုတော့ သူမမသိခဲ့‌ရှာပေ။နောက်ရက်တွေမှာ သူမကိုကြိုဆိုနေမယ့် ဒုက္ခပေါင်းစုံရှိနေခြင်းကိုလည်းမသိပေ။

________________________________________________

ရီပေါတစ်ယောက် ကိုယ့်ဒဏ်ရာကိုတောင် ဂရုမစိုက်ဘဲ အခုထိသတိမလည်လာသေးသော နတ်နန်းသခင်လေးကိုသာ စိတ်ပူနေတော့သည်။အတော်ဆုံးဆိုသော သမားတော်တွေက ဝိုင်းစမ်းသပ်ပြီးနောက်တော့

ရူးချင်ယောင်ဆောင်နေတဲ့ ကျတော့်ဖူးစာရှင်Where stories live. Discover now