Part-2

183 42 49
                                    

(Unicode)

(Unicode)

" ထယ်ယောင်းရေ... ဒီညမင်းငါတို့နဲ့လိုက်ခဲ့ပါလား "

" ဟမ်! "

စာသင်ကျောင်း၌ ခေတ္တအနားချိန်တွင် အစမရှိအဆုံးမရှိ ပြောလာသည့် ဂူဒယ်စကားကြောင့် ထယ်ယောင်းကြောင်သွားသည်။ 

" ဒီနေ့က နှစ်တစ်နှစ်ရဲ့နောက်ဆုံးနေ့လေကွာ... အဲ့တော့ ဟိုဖက်ခြမ်းကတရုတ်ပြည်မှာ မီးရှူးမီးပန်းတွေဖောက်ကြမှာ အဲ့ဒါမင်းကြည့်ချင်မလားလို့လေ ဂျောင်ကုတို့အိမ်ကနေဆို ကောင်းကောင်းမြင်ရတယ် "

" ဟုတ်လား... ငါလိုက်ချင်ပါတယ် ဒါပေမဲ့ ဂျောင်ကုက ခေါ်ပါ့မလား "

အရင်တစ်ခေါက်ကတည်းက ဂျောင်ကုအိမ်ကို ထယ်ယောင်းညလိုက်အိပ်ဖူးသည်ဖြစ်သော်လည်း ဂျောင်ကုကသိပ်မသဘောမကျဟု ထယ်ယောင်းခံစားမိသည် ။ မျက်နှာလေးညှိုးငယ်စွာပြောလာသည့် ထယ်ယောင်းကြောင့် ဘေးတွင်ထိုင်နေသည့် ဂျောင်ကုသည်ပင် ထယ်ယောင်းကို မျက်စပင့်၍ကြည့်လိုက်ပြီး

" အဟမ်း... လိုက်ခဲ့လေ လူများတော့ပျော်စရာပိုကောင်းတာပေါ့ "

ဂျောင်ကုပြောတော့မှ ထယ်ယောင်း၏မျက်နှာလေးကဝင်းပသွားပြီး

" တကယ်နော်... အဲ့တာဆိုငါလိုက်ခဲ့မယ် "

" အင်း "

ညနေခင်းကျောင်းဆင်းသည့်အချိန်တွင် သူတို့သုံးဦးသား ဂျောင်ကုအိမ်သို့သွားကြသည် ။ အနှုတ်လေးဆယ်ဒီဂရီအထိကျဆင်းနေသည့် အပူချိန်နှင့်အညီ ကောင်းကင်မှကျဆင်းနေသည့် ဖြူဖြူဖွေးဖွေး နှင်းပွင့်တို့ကြောင့် အိမ်ပြန်ရာလမ်းတစ်လျှောက်တွင် နှင်းများကဖုံးလွှမ်းနေသည် ။ လေထုထဲရှိအေးစိမ့်စိမ့်အအေးဓာတ်တို့က ဝတ်ထားသည့် အင်္ကျီထူကိုတောင်ဖောက်၍လာသည်အထိကို ခိုက်ခိုက်တုန်အောင်ချမ်းအေးလွန်းလှသည့် ရာသီဥတု၌ ဂျောင်ဂုဝတ်ဆင်ထားသည့်  ခြေစွပ်ပါးပါးနှင့် သားရည်ဖိနပ်အစုတ်တို့ကြောင့် ခြေဖဝါးနှစ်ဖက်လုံးကအေးစက်နေပြီး အိပ်ကပ်မပါရှိသည့် အင်္ကျီထူကြောင့် လက်ဖဝါးနှစ်ဖက်တို့က နီရဲနေပြီး ရေခဲတုံးတမျှအေးစက်လို့နေလေသည် ။

The FreedomWhere stories live. Discover now