Part-1

611 67 36
                                    

(Unicode)

1999 ဒီဇင်ဘာ , မြောက်ကိုးရီးယားနိုင်ငံ ဟီဆန်မြို့ ,

" ဆာယုံးရေ... ကျောင်းသွားရမယ်လေ "

ချောင်ကျလွန်းသည့် ဆင်းရဲသားရပ်ကွက် ထဲရှိသေးငယ်လွန်းသည့် အိမ်လေးထဲမှ ထွက်ပေါ်လာသည့် ကောင်ငယ်လေးတစ်ယောက်၏အသံသည် ဆောင်းရာသီမနက်ခင်း၏နှင်းပွင့်များကြားတွင် ရောယှက်နေသည် ။

" ဆာယုံးမသွားချင်ဘူး ကိုကို... ကျောင်းသွားရတာမကောင်းဘူး "

ငယ်ရွယ်သည့် ကလေးမလေးပြောလာသည့်စကားကြောင့် ကောင်ငယ်လေးက သူ၏ညီမဖြစ်သူ ပါးစပ်ကိုအလျင်အမြန်ဆွဲပိတ်လိုက်ရသည် ။ ထို့နောက် တီးတိုးလေးသံဖြင့် ကလေးမငယ်လေးကို ချော့မော့ကာပြောရလေသည်။

" ဆာယုံးလေး... ကိုကို ပြောထားတယ်လေ ဒီလိုစကားမျိုးတွေကို လက်လွတ်စပါယ်မပြောရဘူးဆိုတာ "

ကလေးမလေးက အသက်ဆယ်နှစ်အရွယ်ရှိနေပြီဆိုပေမဲ့ အစာအာဟာရမပြည့်ဝမှုကြောင့် ခန္ဓာကိုယ်ဖွံ့ထွားမှုနှောင့်နှေးကာ အသက်ခြောက်နှစ်အရွယ် ခန္ဓာကိုယ်မျှသာရှိသည် ။ ထို့ပြင် ဆောင်းရာသီဖြစ်တာမို့ ကလေးမလေး၏ အာဟာရမပြည့်ဝမှုကြောင့် ခပ်ဝါဝါဖြစ်နေသည့်အသားအရည်တို့က ကြမ်းရှနေကာ သူမ၏သေးငယ်သည့် နှုတ်ခမ်း‌လေးတို့ကလည်း အ‌ရေခွံပင်ကွာနေသေးသည် ။ တဖြည်းဖြည်းရစ်သိုင်းလာသည့် မျက်ဝန်းထဲမှ မျက်ရည်စတို့ကြောင့် ကောင်လေးဟာ ကလေးမလေး၏ပါးစပ်ကိုပိတ်ထားသည့် သူ၏လက်ကို ဖယ်လိုက်ပြီး

" ကိုကို ပြောတာနားထောင်ပါ ဆာယုံး... ကျောင်းသွားမှကိုရမယ် "

" ကိုကို မကောင်းဘူး ဆာယုံးမသွားချင်တာကိုအတင်းသွားခိုင်းတယ် "

ကလေးမလေးက ငိုသံတွေနဲ့အော်ဟစ်နေခဲ့ပေမဲ့ ကောင်လေးကတော့ လွယ်အိတ်ကိုယူကာ ကလေးမလေးကိုလွယ်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း လွယ်အိတ်လွယ်၍ ကျောင်းသို့ထွက်လာခဲ့ကြသည် ။

မြောက်ကိုးရီးယားတွင် နေထိုင်သည့်သာမန်ပြည်သူတို့၏ ဘဝမှာ အလွန်သနားဖွယ်ကောင်းလှသည် ။ ကွန်မြူနစ်စနစ်ကိုကျင့်သုံးသည့်နိုင်ငံဖြစ်တာကြောင့် ပြည်သူတို့သည် နေ့စဉ်ဘဝကို ကြောက်ကြောက်လန့်လန့်နှင့် ဖြတ်ကျော်နေရပြီး ကိုယ့်ဘဝကိုယ်တောင် မပိုင်ဆိုင်ရပေ ။ လမ်းမပေါ်တွင် သေနတ်ကိုင်ဆောင်ထားသည့် စစ်သားများက အချိန်ပြည့်လှည့်လည်နေကာ စကားတစ်ခွန်းမှားပြောမိလျှင်တောင် နေရာမရွေးသတ်ပစ်လေ့ရှိသည် ။ ထို့ကြောင့် မြောက်ကိုးရီးယားပြည်သူတို့သည်

The FreedomWhere stories live. Discover now