Part 3

68 16 1
                                    

(Unicode)

2000 ခုနစ် ဇန်နဝါရီလ 1 ရက် စနေနေ့ ,

နှင်းမှုန်များပြင်းထန်စွာကျဆင်းနေသည့် မနက်ခင်းအတွင် ချောင်ကြိုချောင်ကြားရပ်ကွက်ရှိအိမ်ငယ်လေးတစ်လုံးမှ ကောင်လေးတစ်ယောက်သည် ထိပ်တန်းသားရည်ဖြင့်ပြုလုပ်ထားသည့် ဘွတ်ဖိနပ်ကိုစီးလို့နေလေသည် ။

" ထယ်ယောင်း... မင်းရပါ့မလား ဒီလောက်နှင်းတွေကျနေတာကို "

" ရတယ်... ငါအဆင်ပြေတယ် "

ဘွတ်ဖိနပ်ကိုစီးပြီးသွားသည့်အခါတွင်တော့ ထယ်ယောင်းလည်းမတ်တပ်ထရပ်လိုက်ပြီး ဂျောင်ကုကိုပြုံးပြလိုက်ကာ

" ဒါဆို... ငါပြန်တော့မယ် ဒီနေ့ငါ့အဖေက ပြုံယမ်းကနေပြန်ရောက်လာမှာမလို့ ငါအိမ်မှာမရှိနေရင် ရိုက်ခံရမှာ... "

" ငါလမ်းတစ်ဝက်လိုက်ပို့ပေးရမလား "

" ရတယ် အပြင်မှာအရမ်းအေးတယ်... မင်းအထဲဝင်လိုက်တော့ ငါကပြေးသွားမှာဆိုတော့ သွေးပူသွားရင်မအေးတော့ဘူး "

" အင်း... ကောင်းကောင်းပြန် "

ဂျောင်ကုနှင့်အနည်းငယ်စကားပြောပြီးနောက်တွင်တော့ ထယ်ယောင်းလည်း ဂျောင်ကုကိုပြုံးပြကာ ဂျောင်ကုအိမ်မှပြေးထွက်လာခဲ့သည် ။ လေအေးတို့က မျက်နှာပြင်ကိုတိုးဝှေ့နေတာကြောင့် ထယ်ယောင်း၏ပါးပြင်နှစ်ဖက်နှင့် နှာခေါင်းထိပ်ကနီရဲကာ အေးခဲလာလေသည် ။ သို့သော် ပြေးနေသည့်အရှိန်ကတော့ လုံးဝကိုလျော့ပါးသွားခြင်းမရှိဘဲ ဆက်လက်ပြေးလွှားနေဆဲဖြစ်သည် ။

ထယ်ယောင်း၏ ဖခင်ကစိုက်ပျိုးရိုးပညာရှင်တစ်ဦးဖြစ်သည့်အပြင် မျိုးရိုးဂုဏ်မောက်လွန်းသူတစ်ဦးလည်းဖြစ်သည် ။ အဓိကပင်မ ကင်မ် မျိုးနွယ်မဟုတ်သော်လည်း မျိုးရိုးခွဲကင်မ် မိသားစုများတွင်တော့ ထယ်ယောင်း၏ဖခင် မူဆွန်းကင်မ် ကအတော်လေးကိုဩဇာကြီးသူဖြစ်သည် ။ အကယ်၍ အဖေဖြစ်သူသာ ထယ်ယောင်းအပြင်တွင်အိပ်ခဲ့သည်ကိုသိသွားပါက အပြစ်ပေးခံရနိုင်သည် ။ ထို့ပြင် ထယ်ယောင်းက ဂျောင်ကု ၊ ဂူဒယ် တို့နှင့်အပေါင်းအသင်းလုပ်နေသည်ကိုပါ ထပ်မံသိရှိသွားပါက ပို၍ဆိုးသွားနိုင်သည်။ ထိုအခါ အဖေ၏ဖိနှိပ်မှုများအောက်တွင် ဂျောင်ကု ၊ ဂူဒယ်တို့နှင့် ဝေးရမည်ကို ထယ်ယောင်းစိုးရိမ်မိသည် ။

The FreedomWhere stories live. Discover now