Unicode ver....
အနမ်းကြမ်းတို့ ပြွတ်သိပ်နေအောင် နမ်းနေတဲ့ လူသားနှစ်ဦးဟာ အတိုင်းအတာ တစ်ခုထိ ကျော်လွန်နေပြီ ဖြစ်သည်။ ဒါဟာ အရိုင်းဆန်လွန်းသည်။
"အွန့်! တော်တော့"
အကျင်္ီအောက် လက်တို့ လျိုဝင်ခိုက် တောင့်တောင့်တင်းတင်း အသားစိုင်လေးကို ပွတ်သပ်မိသွားချိန်မှာပဲ အောက်က လူသားက အတင်းရုန်းကန်လို့ လက်ကို တွန်းဖယ်လာပါတော့တယ်။ အပြောနဲ့အလုပ် မညီလိုက်တဲ့ ဖြစ်ခြင်း။
"ဘာဖြစ်ပြန်ပြီလဲ အချစ်ရာ ကိုယ်တို့ ခုဏကပဲ ယုတ်မာချင် ယုတ်မာလိုက်ဆို"
"ခုဏက ခုဏလေ အခုမဟုတ်ဘူး"
ရင်ဘတ်ကို တွန်းဖယ်လို့ ထလိုက်တဲ့ လူဟာလေ တကယ်ကို မှန်းရဆရ ခက်လိုက်တဲ့ လူလေး။
"ကိုယ်က အစွဲအလမ်းကြီးတယ်နော် မင်းရပေမဲ့ ကိုယ်မရလောက်တော့ဘူး"
အောက်ပိုင်းကို မျက်စပစ်ပြလို့ ပြောလာတဲ့ Xiao Zhanက အရှက်ကြောကို လုံးဝပါမလာသည့်ဟန်။
"Oh God! အဟက်!"
မျက်စပြစ်ပြတဲ့နေရာကို လိုက်ကြည့်ရင်း အဆိုးအဆာလေးက သူ့ရဲ့ မူပိုင် လက်ချောင်းရှည်ရှည်သွယ်သွယ်လေးနဲ့ ရင်ဘတ်ကို လာရောက်တို့ထိကစားရင်း လူကို ရီဝေဝေနဲ့ ကြည့်လာပြန်သည်။
"တော်တော် ထန်နေတာလား ခင်များ"
"ကိုယ်လည်း မယုံချင်ပါဘူး ဆုံခဲ့ကြုံခဲ့သမျှ တစ်ခါမှ ဒီလိုဖြစ်ခဲ့တာ မဟုတ်ပါဘူး။ မင်းရဲ့ အသားထိမှပဲ ဒီလိုဖြစ်တော့တယ်။ မညာကြေးဆို ကိုယ်မင်းကို တော်တော် ဖြစ်နေပြီ ထင်တယ်"
Xiao Zhanက သူ့ခါးကနေ ဆွဲကပ်ရင်း ဆိုလာတော့ Yiboက Xiao Zhanရင်ဘတ်ကို အားနဲ့တွန်းပြီး~~~
"ဟိုးမှာ ရေချိုးခန်း ဘက်ပဲပြေးပြေး အိမ်သာပဲ ပြေးပြေး ပြေးပြီး ဖြေရှင်းလိုက်အုံး"
"မင်းကြောင့် ဖြစ်တာလေ မင်းတာဝန်ယူ"
"တာဝန်ယူစေချင်ရင် ခင်များကို လာတင်တောင်းမယ်လေ လက်ခံလား"
စနေလားဆို ကြည့်ပြန်တော့လည်း ရုပ်က အတည်ပေါက်ကြီးရုပ်နဲ့။ ဟူး စိတ်လေပါတယ်။ လူကို သူ့အောက်ဆွဲသွင်းဖို့ကိုပဲ အမြဲကြံနေတယ် ဒါမျိုးမရဘူး ဟွန့်။ သွင်းမယ်သွင်း သူ့ကိုပဲ ကိုယ့်အောက်ဆွဲသွင်းမှာပေါ့။
YOU ARE READING
Play boy Vs Casanova
Fanfictionခင်များနဲ့ ကျွန်တော် ပြိုင်ကြမလား Wang Yibo ကိုယ်မင်းရဲ့ စိန်ခေါ်မှုကို လက်ခံတယ် Xiao Zhan