Play boy Vs Casanova ~ 6

3.4K 353 17
                                    

Unicode ver....

"Yiboရေ Penoyလေးရယ်"
"------"
"Yiboရယ် စကားလေး ဘာလေးပြောကွာ"

ဖန်ရှင်းနဲ့ ဟောက်ရွမ်းကတော့ ဘာစကားမှမပြောပဲ ပေတေပြီးထိုင်နေတဲ့ Yiboကြောင့် ဘယ်လိုပြောရမှန်းတောင်မသိတော့
Yibo ​ကောက်တော်မူနေတဲ့အကြောင်းကတော့

Flashback start;

"ဟာပါး သားလည်လို့တောင် မဝသေးဘူးလေဗျာ"
"-------"
"ပါပါးကလည်း"
"-------"

Yibo စိတ်တိုတာကတို မပြန်မဖြစ်တာမို့ သူ့ဘဲကြီးဆီ စာပို့လိုက်လေသည်
Yiboဆိုတာလည်း တွေးရင်းတွေးရင်း စိတ်တိုတတ်တာပဲ ပြောမလား

အားးးးးး ပလတ်!!!

Yiboစိတ်တိုပြီး ဖုန်းကိုပစ်ပေါက်လိုက်ခြင်းပြင် သနားစရာ Iphone 11 pro လေးကတော့ ဖန်သားပြင်လေး အက်ကွဲသွားလေသည်

သူစိတ်တိုရတဲ့အကြောင်းကတော့ မနက်ဖြန် အမြန်ဆုံးလေယာဥ်နဲ့ ချက်ချင်းပြန်လာ ဆိုတဲ့ ပါပါးရဲ့ တစ်ချက်လွှတ်အမိန့်ကြောင့်ပင်

သူ့သူငယ်ချင်းကတော့ သူ့အဝတ်ပါ သိမ်းပေးပေမဲ့ သူကတော့ လှုပ်တောင်မလှုပ် ပေတေပြီး ထိုင်နေလေသည်

အခုလည်း လူက လေယာဥ်ပေါ်ရောက်နေပြီ စိတ်က ဘယ်ဆီလွင့်နေတယ်မသိ ခေါ်တာခေါ်တာ ထိုင်သေနေလားမှတ်ရလောက်အောင် ငြိမ်နေလေသည်

"Yiboရယ် မင်းငါတို့ကို မပြောတော့ ငါတို့ဘယ်​ပျော်တော့မလဲ စကားလေးဘာလေးတော့ပြောကွာ"
"ဟုတ်တယ် Yibo စကားတစ်ခွန်းတော့ပြော"
"ငါလွမ်းနေတာ feelမလို့ တိတ်တိတ်နေကြစမ်း "

ညီးညူတယ်မဟုတ် ဟောက်တာလည်းမဟုတ် အဲ့လို ဒီတိုင်း အေးအေးလေးပြောပြီး ငြိမ်သွားတဲ့ Yiboကြောင့် ဟောက္ရွမ်းနဲ့ ဖန်ရှင်းတို့ ဆွံ့အ

တစ်ဆိတ် သူခုဏက လွမ်းတယ်ဆိုတာက??

"ခဏခဏ Yibo မ feelသေးနဲ့အုံး မင်းပြောတဲ့ မင်းလွမ်းတဲ့သူက~~~ဟိုဘဲ"
"ဟုတ်တယ် ငါဘဲကြီးကို လွမ်းနေတာ"
"မင်း!"

ဖန်ရှင်း အံ့သြလွန်း၍ တအံ့တသြနဲ့ Yiboကို တစ်ခုခုမေးမယ်လုပ်တော့

"လွမ်းလို့လွမ်းတယ်ပြောတာလေ တိတ်တိတ်လေးနေကြကွာ ငါfeelနေတာကို"

Play boy Vs Casanova Tahanan ng mga kuwento. Tumuklas ngayon