Unicode ver...
"အား တော်ပြီ ဟူး မောထှာ"
"သူပဲစပြီးတော့"ပြေးလိုက်နေကြရင်း Yiboက အမောတကော သံလေးနဲ့ တော်ခိုင္းတော့
Xiao Zhanက Yiboကို စနေသေးသည်"ဟူး မရတော့ဘူး မောလိုက်တာ အိုက်ယား အခုမှပဲ နေသာထိုင်သာရှိတော့တယ်"
Yibo ပြောပြောဆိုဆို သဲပြင်ပေါ် လှဲချတော့ Xiao Zhanမှာ တစ္အ့ံတသြနဲ့
"ဟဲ့ အဲ့လိုအိပ်စရာလား ညစ်ပတ်ကုန်တော့မှာပဲ"
"ညစ်ပတ်မှာစိုးရင် ခင်များ မလှဲနဲ့လေ"Yiboက သူ့ကိုဂရုမစိုက်စလို ကောင်းကင်ကိုသာ မော့ကြည့်နေလေသည်
"အဲ့လိုလုပ်တော့ ဘာရလဲ"
"နှလုံးသား အာဟာရ ရတယ်လေ"
"ဘယ်လို ???"Yiboအဖြေကြောင့် Xiao Zhanက နားမလည်သလို မေးလာတော့ Yiboက
"ရှန်ပိန်ကြီး ကြည့်ကြည့် အရမ်းလှနေတာ "
Yibo လက်ညိုးထိုးရာ Xiao Zhan လိုက်ကြည့်လိုက်တော့ နဂါးငွေ့တန်းနဲ့ ကြယ္စု လေးတွေက ရှင်းလင်းနေတဲ့ ကောင်းကင်ထက်မှာ နေရာယူလို့ အားအင်အပြည့်နဲ့ တောက်ပနေတဲ့ လဝန်းလေးကလည်း သူတို့ကို ပြုံးပြနေသယောင်
တကယ်လှတာပဲ
"Inn ~~~"
Xiao Zhanလည်း Yibo နည်းတူ လှဲချတော့ Yiboက အလန့်တကြားနဲ့ အမြန်ထပြီး
"ခင်များပဲ ညစ်ပတ်မယ်ဆို ဘာလို့လှဲတာလဲ"
"အဝ် မင်းလေးကတောင် လှဲတာပဲ
ကိုယ္ကျတော့ လှဲလို့မရဘူးလား အသစ်အဆန်းလေး စမ်းကြည့်ရတာပေါ့"
"အ့လိုလား အဲ့ဆိုလည်း ပြီးတာပဲ"နှစ်ယောက်သား သဲပြင်ပေါ် ကပ်လျက် လှဲနေပြီး လက်ညိုးလေး တစ်ထိုးထိုးနဲ့ ဟိုကို ညွန်လိုက် ဒီကို ပြလိုက်နဲ့ နှစ်ယောက်သား စကားပြောရင်း ရယ်မောလို့
ဒီညမှာတော့ ကမ္ဘာကြီးဟာလည်း လင္းလက် အေးချမ်းနေသယောင် လေပြေတစ်ဖြူးဖြူးလေးက ကြည်နူးစိတ်ကို ပိုလို့ တိုးစေသလို ထိုညလေးမှာ ကောင္လေးနှစ္ ယောက်ဟာ စနောက်ကျရင်း သဲပြင္ပေါ်မှာ
ပျော်ရွင်နေကြလေသည္~~~~~
"ကိုယ်တို့အခု အချိန် 2နာရီကျန်တယ်နော်"
"အို အဲ့ဆို အခု 1နာရီတောင်ထိုးသွားပြီလား"
"ဟုတ်တယ် 1နာရီ 2 မိနစ်"
YOU ARE READING
Play boy Vs Casanova
Fanfictionခင်များနဲ့ ကျွန်တော် ပြိုင်ကြမလား Wang Yibo ကိုယ်မင်းရဲ့ စိန်ခေါ်မှုကို လက်ခံတယ် Xiao Zhan