Part 17

2.8K 136 1
                                    

Unicode version

🎀မချစ်တတ်တာလား....မချစ်ရဲတာလား...မချစ်နိုင်တာလား🎀

အပိုင်း ၁၇

ချွတ်။

ခြေသံ။ ညဉ့်နက်ဆတ်ခနဲနိူးလာသည်။ သူမ ရင်ခွင်ထဲတွင်တော့ တိမ်ညိုလေးအိပ်‌ေနသည်။ကလေးဆိုတော့ ဘာမှသိသေးတာမဟုတ်။

မီးရောင်နည်းနည်းလေးမှမရှိ ။ ဒါပေမယ့် ခြေသံကြောင့် သူမ နည်းနည်းတော့ ကြောက်မိသည်။

"ကျွီ။"
တံခါးပွင့်လာသည်။ သူမငြိမ်ကုတ်နေတော့
"ညဉ့်နက်"

ခွန်နောင်ပဲ။  သွားပြီပေါ့။ ဒါဆို။

"ဒီမှာလာပုန်းနေတာလား။ ‌ဦးလေးတို့မင်းတို့ကိုသဘောတူလိုက်ပြီလေ"

"ဟင်..."

တိမ်ညို မျက်လုံးပွင့်လာသည်။ 

"ဟုတ်တယ်။ ဒါကြောင့်တစ်ရွာလုံးမင်းတို့နှစ်ယောက်ကိုလိုက်ရှာနေကြတာ"

"တကယ်လား"

"ဟူတ်တယ်။  ပြန်ရအောင်။ တခြားလူတွေတွေ့သွားရင်မင်းတို့ကိုတမျိုးမြင်ကုန်လိမ့်မယ်"

တိမ်ညို က

"တကယ်လား။အကို။ တကယ်ဖေဖေသဘောတူလိုက်တာလား။ ညီမအိမ်ကထွက်လာတော့ ဖေဖေသဘောမတူဘူးလေ"

"အကိုညီမလေးကိုမလိမ်ပါဘူး။ ခဏနေဦးလေးတို့ရောက်လာတော့မယ်။ မနက်ဖန်  ညဉ့်နက်ကဗျာနဲ့ သူ့အဖေ လာတောင်းလိမ့်မယ်။ ညီမလေးအိမ်ပြန်လိုက်ခဲ့တော့...."

တိမ်ညိုအရမ်းပျော်သွားသည်။ တကယ်ပဲလား။

"ညဉ့်နက်။ ဖေဖေကသဘောတူလိုက်ပြီတဲ့သိလား။ ဖေဖေသဘောတူလိုက်ပြီ။  အရမ်းပျော်တာပဲ"

ထိုအချိန် ညဉ့်နက်မပျော်နေတာကိုသူမသတိမထားမိပါ။မခွဲရတော့ဘူးထထင်ပြီး သူမအရမ်းပျော်နေခဲ့တာ။

"ညီမလေး။ပြန်လိုက်ခဲ့တော့နော်...."

"ညဉ့်နက် ဒါဆို တိမ်ညိုပြန်မယ်နော်...မနက်ဖန် ဆက်ဆက်လာခဲ့နော်"

ဆိုတော့ ညဉ့်နက်သူမလက်ကိုဖမ်းဆွဲပြီး

"မသွားပါနဲ့လား။တိမ်ညို" တဲ့။ ညဉ့်နက် ဘာကြောင့် အခုလို ဆွေးနေတဲ့ပုံစံဖြစ်နေလဲ သူမနားမလည်ဘူး။

မချစ်တက်တာလား မချစ်ရဲတာလား မချစ်နိုင်တာလား (GL)Where stories live. Discover now