ပင်လယ် ကမ်းစပ်နားမို့ လှိုင်းရိုက်ခတ်သံ များနဲ့ အတူ လတ်ဆတ်သော လေပြေလေညှင်း လေးများက တိုက်ခတ်လို့နေသည် မီးရောင် မှိန်ပြပြ နဲ့ ရွက်ဖျင်တဲလေးထဲမှ ဆိုဂျူပုလင်းလေးကို စားပွဲ ခုံပေါ်တင်ပေးရင်း ခေါင်းလေးငုံ့ကာ
'' ကောင်းကောင်းသုံးဆောင်ပါ ''
ဆိုင်ပိုင်ရှင်လေး ဆူးလ်ဂီ တယောက် အလုပ်ရှုပ်လို့ နေသည်
'' ဒီမှာ ဒါက ဘာလေးလဲ ''
အသံလာရာသို့ ဆူးလ်ဂီ ခေါင်းမော့ကြည့်တော့ တော့ပိုကီ ကို လက်ညိုးထိုးကာ သူမကို ကြည့်နေတဲ့ လူတယောက်
ရုတ်တရက် မို့ ဆူးလ်ဂီ ကြောင်အမ်းအမ်း ဖြစ်ပီးမှ တော့ပိုကီ တောင် မသိတဲ့လူ ရှိသေးတာလား ဆိုပီး အံ့ဩရပြန်သည် သူ့ကြည့်တော့လည်း တကယ်ကို သူ့ရှေ့က နီရဲရဲ မုန့်လေးကို ဘာမှန်းမသိတဲ့ပုံမို့
'' တော့ပိုကီ ပါ ''
'' ဒါလေးကရော ''
'' ငါးအူချောင်းပါ ''
'' ဒါဆို အဲ့နှစ်ပွဲ ချပေးပါ ''
ဆူးလ်ဂီ တော့ပိုကီ နဲ့ ငါးအူချောင်းကို ထိုသူရှေ့ ချပေးကာ သူ့နေရာသူပြန်လာပီးထိုလူ အားမသိမသာ ချောင်းကြည့်နေသည် တော့ပိုကီ တစ်ခုကို ပါးစပ်ထဲ ထည့်ပီးနောက် စားပွဲခုံလေးကို လက်ဖဝါးလေးနဲ့ တဖက်ဖက်ရိုက်ကာ နောက် တစ်ခု နောက်တခု သူ တော်တော်ကြိုက်သွားပုံရသည် စားနေတာများ တော့ပိုကီ ထိုးစားတဲ့ဒုတ် ကို လက်ကကို မချတော့
'' ဆိုင်ရှင်လေး ဒါလေးနောက်တပွဲ ထပ်ပေးပါဦး ''
ကုန်သွားတဲ့ တော့ပိုကီ ပန်းကန်လေးကို မြှောက်ပြရင်း လက်တဖက်ကလည်း ငါးအူချောင်းကို လှမ်းယူပီး ပါးစပ်ထဲထည့်နေသော သူ့ကြောင့် ဆူးလ်ဂီ မသိမသာ ပြုံးရင်း
'' ကလေးလေးကျနေတာပဲ ''
ဆူးလ်ဂီ သူ့ရှေ့ တော့ပိုကီ ပန်းကန်လေး ချပေးတော့ သူက ဆူးလ်ဂီ ကို မော့ကြည့်လာသည် ဆူးလ်ဂီ နဲ့ သူ အကြည့်ချင်းဆုံတော့ ဆူးလ်ဂီ ပြုံးပြရင်း ခေါင်းလေး ငြိမ့်ကာ
'' ကောင်းကောင်း သုံးဆောင်ပါရှင့် ''
ဆူးလ်ဂီ သူ့နားက ထွက်သွားသည့်တိုင် သူ့ မျက်ဝန်းတွေ ဆူးလ်ဂီ ရဲ့ ကျောပြင်လေးဆီ ကပ်ပါသွားသည် ဆူးလ်ဂီ ကလည်း ကျောခိုင်းလာသည့်တိုင် ထိုသူရဲ့ မျက်ဝန်းတွေကို မြင်ယောင်ဆဲ ဆူးလ်ဂီစိတ်ထဲ ထိုသူသည် တော်တော်လေးမှ လှသည့် အမျိုးသမီးဟု ဝန်ခံမိသည်