'' အားးး ခေါင်းကိုက်လိုက်တာ ''
ဂျူဟွန်း နားထင်ကို ဖိရင်း မျက်စိ ဖွင့်ကြည့်တော့ မရင်းနှီးတဲ့ အခန်း ထဲ ရောက်နေသည်မို့ လန့်သွားသည် ထိုချိန် တံခါးဖွင့်ဝင်လာသူကို တွေ့ရော အံ့ဩရပြန်ရော
'' နိုးပီလား ဂျူဟွန်း ''
'' ဂျူဟွန်း ? ''
'' ရှင့် နာမည် ဂျူဟွန်း မဟုတ်ဘူးလား အမူးမပြေသေးတာလား ''
ဂျူဟွန်း ညက ဘာဖြစ်ခဲ့လဲ ပြန်တွေးရင်း
ခန အကြာမှ အကုန်ပြန်မှတ်မိလာသည်မို့'' အားနာစရာတွေ ဖြစ်ကုန်ပီ ဆိုင်ရှင်လေး တို့ကြောင့် ဒုက္ခများသွား ရပီ ညကတွက် တကယ်ကျေးဇူးတင်ပါတယ် ''
'' ရတယ် ဂျူဟွန်း ဒါနဲ့ ရှင့် ဖုန်းက ပါမလာတာလား ''
'' အာ အဲ့ဒါ မနေ့က တို့ ဖုန်း ခါးပိုက်နှိုက်ခံလိုက်ရလို့ ဟီး ''
ကိုယ့်ဖုန်းအနှိုက်ခံရတာတောင် ရီပီးပြောနိုင်တဲ့သူ့ကို ကြည့်ပီး ဆူးလ်ဂီ အံ့ဩမိပြန်ရော
တကယ်ကို လူထူးလူဆန်းရယ်
'' ကျမ အမူးပြေဟင်းရည် ချက်ထားတယ် ရှင် ခေါင်းကိုက်နေမယ် ထင်တယ် စားပီးမှ ပြန်လေ ''
ဂျူဟွန်း တခုခုကို တွေးမိရင်း ပြုံးမိတယ် နှစ်နှစ်ကာကာကို ပြုံးတယ် သူပြုံးတာကို ဆိုင်ရှင်လေး မြင်သွားသလား မသိပေမယ့် သူ တံခါးပေါက်ကို ပြန်မော့ကြည့်တော့ ဆိုင်ရှင်လေး မရှိတော့ပဲ မီးဖိုချောင်ဘက်လို့ ထင်ရတဲ့ဆီ ပြေးသွားတဲ့ သူကျောပြင်လေးပဲ မြင်လိုက်ရတယ် ဂျူဟွန်းလည်း ထကာ အိပ်ယာတွေ ခေါက်သိမ်းပီး ခုနက သူပြေးတဲ့ဆီ ကို ဂျူဟွန်း လိုက်သွားမိသည်
'' လာ ဂျူဟွန်း မနက်စာ ရပီ ''
ဖော်ဖော်ရွေရွေ နဲ့ နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးတွေ သူ့မျက်နှာပေါ်မှာ ရှိနေတာကို ဂျူဟွန်း သိပ်သဘောကျနေသည်
'' ဒါဆို ထပ်ပီး ကျေးဇူးတင်ပါတယ် ဆိုင်ရှင်လေး ''
ဂျူဟွန်းခေါင်းလေးငုံ့ကာ ကျေးဇူးတင်ကြောင်းပြောရင်း သူ့အားပြုံးပြတော့