'' Hey တို့က ဒီအိမ်ကို အသစ် ပြောင်းလာတဲ့ ဘယ်လ်ဂျူဟွန်း ပါ ''
တံခါးဝ ကနေ ပြုံးဖြီးဖြီး နဲ့ ပြောနေတဲ့ သူ့ကိုကြည့်ပီး ဆူးလ်ဂီ ကြောင်တောင်တောင်လေးရပ်ကြည့်နေမိတယ် မယုံနိုင်တာလေ သိတယ်မလား ကိုယ် က တွေ့ချင်လွန်းလို့ နေ့တိုင်း လည်ပင်းရှည်မတက်မျှော်နေခဲ့ရတာ ပြန်မမြင်နုိင်တော့ဘူးလို့ တွေးထားပီးမှ ရုတ်တရက်ကြီး ကိုယ့်မျက်စိရှေ့ ပေါ်လာတာကိုး နောက်ပီး အတူနေမလို့တဲ့
'' Hey ဆူးလ်ဂီ ''
မျက်နှာရှေ့ လက်လေး ဝှေ့ယမ်းပီး နာမည်ခေါ်မှ
'' လာ လာ ဂျူဟွန်းလ် ကျမ အတွေးများသွားလို့ ''
သူ့လက်ထဲက Luggage ကို ဆွဲယူရင်း ပြာပြာသလဲ အရှေ့ကနေ အိမ်ထဲ ဝင်သွားတဲ့ လူကိုကြည့်ရင်း
'' ချစ်ဖို့ကောင်းလိုက်တာ ''
'' ဂျူဟွန်း ဒါက ရှင် နေရမယ့် အခန်း ''
'' ဆူးလ်ဂီ အခန်းက ဘယ်မှာလဲ ''
'' ရှင့် အပေါ်မှာ ''
'' ဟမ် ? ''
ဆူးလ်ဂီ လက်ညိုးလေး မိုးပေါ်ထိုးကာ
'' အပေါ်က ထပ်ခိုး က ကျမ အခန်း ''
'' ထပ်ခိုး ? ''
မျက်လုံးလေး အဝိုင်းသားနဲ့ သူမ ပြောသမျှကို မေးခွန်းထုတ်နေတဲ့ သူကြီးကို ကြည့်ပီး ဆူးလ်ဂီ ရီချင်နေမိသည်မို့
'' ကဲ အခန်းထဲ အထုပ်တွေ အပိုးတွေ အရင်ချပါဦး ရှင်မေးချင်တာ ကျမ သိတယ် ဒီလောက်အခန်းတွေ ရှိနေတာကို ဘာလို့ ထပ်ခိုးမှာနေနေတာလဲ သိချင်နေတာမလား အခန်းထဲ အထုပ်တွေ ချပီးရင် ထွက်ခဲ့ ကျမ အဲ့မေးခွန်းကို ဖြေမယ် အော် ဒါနဲ့ ရှင် ဘာcoffee သောက်လေ့ရှိလဲ ''
'' Expresso ''
ဂျူဟွန်း အဖြေကြားပီး ဆူးလ်ဂီ နှာခေါင်းလေး ပိစိလောက် ရှုံ့ကာ
''Sunmi unnie ရောပဲ ဒီလောက်ခါးတာကြီးကို ရှင်တို့မို့ကြိုက်ကြတယ် ''
'' ဘာလို့လဲ ဒီလောက်ကောင်းတာကို ''
'' ကြိုက်ပါဘူး ကဲ သွားတော့ ကျမ သွားဖျော်ဦးမယ် ပီးရင် ရှင် လာခဲ့နော် အပေါ်ကို ''