Zawgyi Version
လက်နှိပ်ဓာတ်မီးကို တစ်ဖက်က ရှေ့တူရှု
တည့်တည့်ထိုးလို့ မရပ်မနားခြေလှမ်းများဖြင့်
ရှောင်းကျန့်တစ်ယောက်တည်း အပြေးအလွှား
ဖြစ်နေမိသည်။ အချိန်ကား အတော်ကိုလင့်လုပြီမို့
ခြေထောက်တွေလဲ ထုံကျဉ်လှပြီ။ အနောက်မှာ
ဆရာတွေဦးဆောင်သည့် ရှာဖွေရေးတစ်ဖွဲ့
ထပ်ခေါ်ခိုင်းထားသည်ဆိုပေမဲ့ ထိုင်စောင့်
မနေနိုင်သည့် စိတ်ဇောအဟုန်ကြောင့်
ညဉ့်နက်နေတာတောင်မှ တောင်တက်လမ်း
တစ်လျှောက် ရှောင်းကျန့် ရှေ့ဆက်သွားနေဆဲပင်။ဓာတ်မီးမကိုင်ထားသည့် ဘယ်လက်ရဲ့လက်ဆစ်က
တစ်ခုခုနှင့် ခိုက်မိထားသလို နီရဲယောင်ယမ်း
နေသည်ကို သေချာသတိထားကြည့်မိလျှင်
တွေ့နိုင်ပေမည်။ အားရပါးရ ထိုးနှက်ခဲ့ရသည်
ကိုတောင် ရှောင်းကျန့်မှာ စိတ်မပြေနိုင်သေးစွာ
ရိပေါ်ကိုရှာတွေ့ပြီး ပြန်လာလျှင် ထပ်ပြီး စာရင်း
ရှင်းဦးမည်ဖြစ်ကြောင်း ကြိမ်းဝါးခဲ့သေးသည်။ဆောင်းဦးရာသီပိတ်ရက်တွေ မတိုင်ခင်
နှစ်စဉ် သူတို့ကျောင်းမှဦးစီးပြီး မြို့၏အနီး
ပတ်ဝန်းကျင်တစ်ဝိုက် လေ့လာရေးခရီး
သွားလေ့ရှိသည်။ ရှောင်းကျန့်နှင့် ရိပေါ်က
စုပေါင်းကျတဲ့ အဖွဲ့မတူတာမို့ ရှောင်းကျန့်တို့အဖွဲ့
တောင်အောက် ပြန်ဆင်းလာချိန် မသိမသာနှင့်
လစ်ထွက်လာပြီး ရိပေါ်ကို ထိုင်စောင့်နေခဲ့မိသည်။ဒါပေမယ့် ပြန်ဆင်းလာတဲ့ ကျောင်းသားတွေ
တစ်သုတ်ပြီးတစ်သုတ်ထဲ ရိပေါ်ကို ရှောင်းကျန့်
ရှာဖွေနေခဲ့ပေမဲ့ ညနေစောင်းလို့ နောက်ဆုံး
တစ်သုတ် ပြန်ဆင်းလာချိန်ထိ မတွေ့ခဲ့။ သူပဲ
သေချာသတိမမူမိလို့များ တောင်ခြေမှာ
ရပ်ထားသည့် ကျောင်းကားတွေအပေါ် ရိပေါ်
ရောရောနှောနှောနှင့် ပါသွားပြီလားတွေးမိလို့
သွားကြည့်ချိန်မှာလဲ မတွေ့သေးရာမှ စိတ်ထဲ
ထင့်ခနဲ စဖြစ်တာပင်။လူအရမ်းများတာကြောင့် ကြီးကြပ်ရတဲ့
ဆရာတွေကပဲ အသေးစိတ် လူမစစ်နိုင်လို့များ
တောင်ပေါ် တစ်နေရာရာမှာ ရိပေါ် ကျန်နေခဲ့မလား
ဆိုပြီး အလောတကြီး ထွက်ရှာဖို့ပြင်ချိန်
မမျှော်လင့်ပါပဲ စကားဝိုင်းတစ်ခုကို ရှောင်းကျန့်
ကြုံလိုက်ရတာဖြစ်သည်။
![](https://img.wattpad.com/cover/288395716-288-k584836.jpg)
ESTÁS LEYENDO
I will always love you neither you can cry nor smile
FanficLove story of cheerful boy × emotionless boy