Zawgyi Version
ဝမ်ရိပေါ်က အရာရာမှာ သိပ်အေးစက်လွန်းတယ်လို့
ပတ်ဝန်းကျင်က မှတ်ချက်ပြုတယ်။ နေပုံထိုင်ပုံအစ
သွားပုံလာပုံအဆုံး ခံစားချက်မရှိသလိုပဲတဲ့။
ရုပ်သေကြီးနဲ့ လူသေကောင်အတိုင်းပဲလို့
ရှေ့တစ်မျိုးနောက်တစ်ဖုံ ပြောနေကြတာတွေလဲ
နားနဲ့ဆက်ဆက် ကြားခဲ့ဖူးတယ်။ပြောလဲပြောချင်စရာပဲမလား။ သူ့အသက်
ငါးနှစ်အရွယ်တုန်းက ကျောင်းမှာမွေးထားဖူးတဲ့
ယွဲ့ယွဲ့အမည်ရှိ ခွေးလေး သေသွားခဲ့တယ်။
သူတို့ အတန်းက ခွေးလှောင်အိမ်ရှိရာနှင့်
ကပ်လျက်ဖြစ်လို့ တခြားအတန်းတွေထက်
ထိုခွေးလေးနဲ့ ပိုအနေနီးတယ်။ ငါးနှစ်ဆိုတဲ့
အရွယ်က သေခြင်းရှင်ခြင်းဆိုင်ရာ ကိစ္စတွေနဲ့
ပတ်သက်လို့ သိပ်နားလည်တတ်သေးတဲ့ အရွယ်
မဟုတ်ဘူး။အတန်းပိုင်ဖြစ်သူက ခွေးလေးကို နေမကောင်း
ဖြစ်လို့ မလှုပ်မရပ် ငြိမ်သွားတယ်ထင်ပြီး
စိတ်မကောင်းဝမ်းနည်းနေတဲ့ ကလေးတစ်စုအား
အမှန်တရားကို ဘယ်လိုနားဝင်ချိုအောင်
ပြောသင့်တယ်နဲ့ ပတ်သက်ပြီး အခက်တွေ့နေပုံပင်။"ယွဲ့ယွဲ့က ကောင်းကင်ဘုံမှာ အိပ်စက်သွားပြီ
ကလေးတို့ရဲ့...ဟိုမှာက ပိုပျော်ဖို့ကောင်းတော့
သူက ပြန်မထလာချင်တော့ဘူးတဲ့...""ဒါဆို သူကဘယ်တော့မှ ပြန်မထလာတော့ရင်
သားတို့နဲ့လဲ အရင်လို ပြေးလွှားမဆော့တော့ဘူးပေါ့...""ဟုတ်တယ်...ကောင်းကင်ဘုံမှာ သူ့အတွက်
အဖော်အသစ်တွေ ထပ်ရသွားပြီလေ...ဒါဆို
ကလေးတို့နဲ့ သူဘယ်ဆော့ချင်ပါတော့မလဲ...
သူ့သူငယ်ချင်းအသစ်တွေနဲ့ပဲ ပျော်ပျော်ကြီး
နေသွားတော့မှာပေါ့..."ကလေးတစ်သိုက်က နှာတရှုံ့ရှုံ့နဲ့ စိတ်မကောင်း
ဖြစ်ကြပေမယ့် သူတို့ထက်ပျော်ရမဲ့သူ ရှာတွေ့
သွားတဲ့ ခွေးလေးကိုလဲ နှမျောတသစိတ် ရှိနေတုန်း
ပင်။"ဆရာမ...ယွဲ့ယွဲ့က သေသွားတာမလား... အသက်မှ
မရှူတော့တာ..."ကလေးတစ်သိုက်ကြားထဲမှ ထိုးထွက်လာသော
ထိုအသံပိစိလေးမှာ အသက်အရွယ်နဲ့မှမလိုက်
တည်ငြိမ်ရင့်ကျက်ဟန် ပေါက်သည်။ နည်းနည်း
ထပ်ဖြည့်စွက်ရရင် ရက်စက်သည်လို့တောင်
ပြောနိုင်သည်ပင်။ တော်ရုံတန်ရုံဆို ဒီလိုစကားကို
ဘာခံစားချက်မှမရှိ ရေသေလိုမျက်နှာထားနှင့်
ပြောနိုင်မည်မထင်။
KAMU SEDANG MEMBACA
I will always love you neither you can cry nor smile
Fiksi PenggemarLove story of cheerful boy × emotionless boy