PROLOGUE

527 59 3
                                    

[UNICODE]

Disclaimer :

ဤဇာတ်လမ်းတွင် ပါဝင်သော ဒဏ္ဏာရီများ ဇာတ်ကောင်များနှင့် သမိုင်းအချက်အလက်များမှာ စာရေးသူ၏ စိတ်ကူးများသာဖြစ်ပါကြောင်း ။

" Red Riding Hood " ၏ လွှမ်းမိုးမှုများပါဝင်သော " A Song of the Willow Tree " ၏ ဒုတိယversion ဆိုလည်း မမှားပါပေ ။

&… မသိသေးသူများကို ထပ်ကာပြောပါဦးမည် ။ Yes! Willow is LITERALLY  MINE  .

………………………………

PROLOG

………………

I'll lift you when you're feeling lowI'll hold you when the night gets coldYou'll never have to be aloneAnd that's all you need to know

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


I'll lift you when you're feeling low
I'll hold you when the night gets cold
You'll never have to be alone
And that's all you need to know

(All You Need to Know - Gryffin & Slander)

………………

အိတ်ခ်ျ အေ အယ်လ် အယ်လ် အို ဒဘယ်လျူ အီး အီး အန်န် … ဟယ်လိုဝိန်း… ။

ဟယ်လိုဝိန်းဆိုတာ သေဆုံးသွားခဲ့ပြီးတဲ့ သူတော်စင်တွေရဲ့ ဝိညာဉ်တွေကို အမှတ်ရပေးတဲ့ နိုဝင်ဘာလတစ်ရက် သူတော်စင်များနေ့(All Saint Day) ရဲ့ အကြိုည (All Saint Eve) ဖြစ်တယ် ။ ဒါဟာ လူသိများတဲ့ ဇာတ်လမ်းပေါ့ ။
တကယ်တမ်း ခပ္နက်နက်သာ တူးဆွနိုင်ခဲ့ရင် ဟယ်လိုဝိန်း ရဲ့ ဇာစ်မြစ်အစစ်ဟာ ခဲလ်တစ်(Celtic) ကောက်ရိတ်လ ရဲ့ ပွဲတော်တစ်ခုဖြစ်တဲ့ ဆမ်ဟိန်း(Samhain) ပွဲတော်ဖြစ်တယ် ဆိုတာသိလာပါလိမ့်မယ် ။

ဆမ်ဟိန်းဆိုတာ တစ်ချိန်က အမှောင်ထုရဲ့ဘုရင် ဒိဋ္ဌိနတ်ဘုရားတစ်ပါးဖြစ်ခဲ့တယ် ။ အောက်တိုဘာလ ၃၁ရက်… ကောက်ရိတ်လရဲ့ လပြည့်ဝန်း ထိန်ထိန်သာချိန်မှာ သူဟာ အမှောင်ထုထဲက ထွက်လာတယ် ။ ယဇ်ကောင်တွေကို သတ်ဖြတ်ယူဆောင်တယ် ။ လူသားတွေဟာ မျက်နှာဖုံးတွေဝတ်ပြီး သူ့ဆီကနေ ပုန်းကွယ်ကြတယ် ။ ဖရုံသီးတွေ မုန်လာဥကြီးတွေမှာ သူ့မျက်နှာပုံထွင်းပြီး သူ့ကို ကိုးကွယ်ကြတယ် ။ ဒီလိုလုပ်ခြင်းအားဖြင့် နောက်တစ်နှစ်ကောက်ရိတ်သိမ်းချိန်မှာ အထွက်တိုးလိမ့်မယ် လို့ ယုံကြည်ခဲ့ကြတယ် ။

Lullaby : The MIDNIGHT SUN(HIATUS)Where stories live. Discover now