III .

189 48 11
                                    

[Unicode]

Theme Song on Media :

All You Need to Know (Acoustic) by Gryffin & Slander
………………………

မြင်းနက်နှစ်ကောင် ဆွဲသော ရထားလုံးသည် ဗလက်ဒ်ဒီယန်းအိမ်တော်မှ တရွေ့ရွေ့ထွက်ခွာလာသည် ။ စာအုပ်ထူထူကြီးတစ်အုပ် ထည့်ထားသော ကြိမ်ခြင်းတောင်းလေးကို ဘီလီ ကျစ်ကျစ်ပါအောင် ပိုက်ထားသည် ။

" မင်း သိပ်လှတာပဲ မာရီယာရယ် ~  "

" အို ဂျွန်နီရယ်~  "

မျက်နှာချင်းဆိုင်ခုံတန်းမှ လင်းနို့မလေး မာရီယာက လည်ချောင်းတွင် ငါးရိုးတစ်နေသော အသံဖြင့် တဟစ်ဟစ်ရယ်သည် ။ သူမဘေးမှ ဂျွန်ကလည်း သွားစွယ်အစုံကို နွားပြာကြီးများလို ပွင့်လင်းစွာဖြဲဟလျက် ။

ရထားလုံး၏ တံခါးကို ဘီလီ ဝုန်းကနဲ ဆောင့်ကန်ဖွင့်လိုက်သည်။ ဖြုတ်မျက်ချေးလောက်ပမာဏမျှသာ ကြီးမားသော သည်းခံနိုင်စွမ်းတို့ အငွေပျံသွားပြီ ဖြစ်သည် ။

" မင်း ရည်းစားဟောင်းတွေနဲ့သွားနေကျ မြို့လယ်က ဂေါ်ဒီရဲ့ ယမကာဘား ပဲမဟုတ်လား… ငါ လာခဲ့မယ်… "

လက်ထဲမှ ခြင်းတောင်းကို ဂျွန့်လက်ထဲသို့ထည့်ရင်း ပြောလိုက်သည် ။

"ယူထား…  ငါ အတောင်ဆန့်လိုက်ဦးမယ် … သွားပြီ…  "

ပုံစံပြောင်းကာ ဝုန်းကနဲ ပျံတက်သွားသော ဘီလီကြောင့် ရထားလုံးက ခါယမ်းသွားသည် ။ ဂျွန့်မျက်နှာလည်း မဲသည်းကာ ကျန်ရစ်သည် ။
တရွီရွီလေတိုးသံများအသံကြားတွေ ဘီလီ့ရယ်သံလွင်လွင်လေး ကပ်ညှိပါလာသည် ။

………

ဟယ်လိုဝင်းညနှင့် လပြည့်ည တိုက်ဆိုင်သည့်ရက်မို့ထင်ပါသည် ။ ကောင်းကင်ပေါ်တွင် အုံ့စိုင်းသော ခြောက်ခြားစရာအငွေ့အသက်များ ပျံ့နှံ့နေသည် ။

ကျောက်သား ကမ်းပါးယံပေါ်တွင် မှောက်ယက်လေးအိပ်ကာ ထွက်ပြူစ လမင်းကြီးကို ကြည့်နေသော ဘီလီ့နှာဝသို့ အနံ့တစ်မျိုး ပျံ့နှံ့လာသည် ။ ကြောင်ရိုင်းတစ်ကောင်ဆိုတာကိုသိလိုက်တော့ ဘီလီ့မျက်ဝန်းလေးများက ဖြတ်ကနဲ နီရဲလာသည် ။ လက်သည်းလေးများ ချွန်ထွက်လာသည် ။ ကြောင်ရိုင်း၏ သွေးသည် ဘီလီအကြိုက်ဆုံး အစာဖြစ်သည်လေ ။

Lullaby : The MIDNIGHT SUN(HIATUS)Where stories live. Discover now