IV .

183 50 9
                                    

[Unicode]

Theme Song on Media :

All You Need to Know (Acoustic) by Gryffin & Slander
………………………

" တစ္ဆေများနေ့မှာ ပျော်ရွှင်ပါစေ… "

ဤစကားကို ပြောလိုက်သော လူသေးသေးလေးသည် ရှည်လျားသောခြုံထည်နီနီကြီးကို လွှမ်းခြုံထားသည် ။ ခေါင်းဆောင်းနီနီလေးထဲမှ ပျားရည်ရောင်ဆံပင်ခွေလေးများကို တစွန်းတစမြင်နေရသည်။ လက်ထဲတွင် စာအုပ်လေးတစ်အုပ်နှင့် ဝိုင်ပုလင်းတစ်လုံးထည့်ထားသော ကြိမ်ခြင်းလေးကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားသည် ။

သူ့ရှေ့မှ သားရေကုတ်အင်္ကျီရှည်ကြီး နှင့် လူထွားကြီးသည် ပါးချိုင့်တစ်ဖက်ခွက်ဝင်သွားသည်အထိ ပြုံးလိုက်သည် ။ လက်တို့ကိုပိုက်ကာ ခါးကိုကိုင်းလိုက်သောအခါ လှန်တင်ထားသော ဆံပင်နက်နက်များထဲမှ တချို့က ကြေးနီရောင် နဖူးပြင်ပေါ် အရိုင်းဆန်ဆန် ဝဲကျလာသည် ။

လူထွားကြီးက ခါးကိုကိုင်းကာ လူသေးသေးလေးနှင့် မျက်နှာချင်းဆိုင်လိုက်သည် ။ ပြီးတော့ ပြောသည် ။

" ကိုယ် ပျော်သင့်ရဲ့လား… သူခိုးလေး… "

………………

ရွှေအိုရောင်မျက်ဝန်းတစ်စုံနှင့် ပြာလဲ့သော မျက်ဝန်းလေးများ စုံမိကြသည် ။ ဘီလီ၏ မျက်ဝန်းပြာလေးများက ဝိုင်းစက်သွားသည် ။

" သူ … သူ ခိုးတဲ့လား……… "

မှားတော့ မမှားပါဘူးလေ ဟု တွေးရင်း ဘီလီ မျက်လုံးလေးများ မှေးမှိတ်သွားသည်အထိ ရယ်ပြလိုက်သည် ။

" ဟီးဟီး…  နှုတ်ဆက်ပြီးပြီ ဆိုတော့ သွားတော့မယ်နော် …  "

ဘီလီ ပြုံးရင်းနှင့်ပင် တဖက်သို့ချာကနဲ လှည့်လိုက်သည် ။ တလှမ်းစီ လျောက်လာရင်း နောက်ကျောဖက်သို့ မသိမသာလေး လှည့်ကြည့်သည် ။ ပါးချိုင့်နှင့် ဝံပုလွေကြီးသည် ပျားရည်ရောင်ဆံခွေလေးများနှင့် ခြုံလွှာနီလေးနောက်သ်ို့ ထပ်ကြပ်မကွာလိုက်လာတုန်းပင် ရှိသေးသည် ။

" ဟာ…  မိတ်ဆွေကြီး မစ္စတာအိုကန်စ်လေ …   "

ဂျွန်၏ အသံကို ကြားလိုက်တော့ ဘီလီ မျက်ခုံးလေးများကိုပင့်ကာ နောက်သို့ အပြည့်အဝလှည့်ကြည့်လိုက်သည် ။ သွားဖြူဖြူများကို ဖြဲဟကာ ခပ်သွက်သွက်ပြေးလာသော ဂျွန်သည် ဝံပုလွေကြီး၏ လက်ကိုဆွဲကာ ခပ်ကြမ်းကြမ်းလှုပ်ယမ်းလိုက်သည် ။ ဝံပုလွေကြီးကလည်း ပါးချိုင့်နက်ကြီး ခွက်ဝင်သွားသည်အထိ ပြုံးနေသည် ။

Lullaby : The MIDNIGHT SUN(HIATUS)Tempat cerita menjadi hidup. Temukan sekarang