I .

268 53 8
                                    

[Unicode]

Theme Song on Media :

All You Need to Know (Acoustic) by Gryffin & Slander

………………………

၁၈၄၅ ခုနှစ် ။

" ၆၁၄ … ၆၁၄ …… "

ဖြူလွှသော လက်သွယ်သွယ်လေးသည် ခပ်နွမ်းနွမ်းသစ်သားစာအုပ်စင်ပေါ်မှ ထူထဲသောစာအုပ်များကြား ပြေးလွှားနေသည်။

" ဟော … တွေ့ပြီ ……    "

မျက်ဝန်းပြာလေးများကို မှေးမှိတ်ကျသွားသည်အထိပြုံးရင်း စာအုပ်ထူများကြားမှ မိုးမခခက်များစီခြယ်ထားဟန် အဖုံးဖြင့် စာအုပ်လေးတစ်အုပ်ကို ဆွဲယူလိုက်သည် ။ စာအုပ်ကလေးကို တယုတယပိုက်ပြီး တဖက်ကို လှည့်လိုက်ချိန်တွင် တွေ့လိုက်ရသည်က ကြောင်မျက်လုံးဝိုင်းဝိုင်းလေးများသာ ဖြစ်သည် ။

" ဘီ… လို့… ဒီည လည်မယ်လို့……မြောင်~ "

" မလည်ပါဘူး…  ဒီည လူသားတွေ ခြေရှုပ်နေမှာကို… "

" ဘီလီ ~~ ဒါ ဟယ်လိုဝင်းလေ~ တစ္ဆေများနေ့လေ~~ "

" အဲ့တော့ ? … ငါက တစ္ဆေမှ မဟုတ်တာ……"

ဘာဆိုင်လဲ ဆိုသည့် သဘောဖြင့် ဘီလီ မျက်ခုံးပင့်လိုက်သည်။ ဤနေ့သည် တစ္ဆေများနေ့ ဖြစ်သည် ။ ဒါ ဘီလီနှင့် ဘာဆိုင်ပါသနည်း ။

" လုပ်ပါ ဘီရယ် … ငါးချိုချဉ်လိုက်တောင်းမယ်လေ… မြောင်~ "

ဖမ်မလီယာ ခေါ် ဝိညာဉ်လမ်းပြတိရစ္ဆာန်လေး ကီကီ၏ ကြောင်မျက်ဝန်းဝိုင်းဝိုင်းလေးများကိုကြည့်ကာ ဘီလီ ပြုံးလိုက်သည် ။

" ဘဲလ် နဲ့ လိုက်သွားရမှာမဟုတ်ဘူးလား ကီကီ…  ပြီးတော့ ငါးနဲ့လုပ်ထားတဲ့ ချိုချဉ်ရယ်လို့ မရှိပါဘူး… "

" နိုးး … မြောင့်သခင်က သူ့အဘွားနဲ့ ကဝေအစည်းအရုံးကိုသွားရမှာ … မိန်းမကြီးတွေနဲ့ ယောက်ျားကြီးတွေ စကားတွေများကြမှာ မြောင်ပျင်း … ညှောင်းး ခွီးး~ "

အရိုးမာခြင်းထိတွေ့သော တတက်တက် မြည်သံများနှင့်အတူ ကြောင်နက်လေးကီကီကို အဖြူရောင်ခလောက်မြွေတစ်ကောင်က ရစ်ပတ်လိုက်သည် ။

" အမဲလုံး … နင် ငါတို့သခင်တွေအကြောင်း အတင်းတုတ်ပြန်ပြီ…  ရွှီ~~ "

Lullaby : The MIDNIGHT SUN(HIATUS)Tempat cerita menjadi hidup. Temukan sekarang