၁
<Uni>
'မကစားချင်ဘူး'
ရှက်ပြုံးလေးဖြင့် Jackson ငြင်းလိုက်သည်။
'၀မ်းနည်းပါတယ် ကျွန်တော်တူတူပုန်းတမ်းကစားမှာမဟုတ်ဘူး'
ခရစ္စမတ်အကြိုနေ့ညဖြစ်သည်။
အိမ်ထဲတွင်ကျွန်ုပ်တို့လူ၁၄ယောက်ရှိနေကြသည်။ ညစာကောင်းကောင်းစားပြီး၍ ပျော်ရွှင်စရာဂိမ်းကစားပွဲများအတွက် အဆင်သင့်ဖြစ်နေကြသော်လည်း Jackson တစ်ယောက်သာထိုသို့မဟုတ်။ တူတူပုန်းတမ်းကစားရန်တစ်စုံတစ်ယောက်ကအကြံပေးလိုက်သောအခါ သဘောတူသံများ ကျယ်လောင်စွာထွက်ပေါ်လာကြသည်။ ဂျက်ဆန်ရဲ့ငြင်းဆန်မှုသည်သာ တစ်ခုတည်း..။ဂိမ်းကစားရန်ငြင်းဆိုသည်မှာ Jackson ရဲ့သဘာ၀မဟုတ်ချေ။
'မင်းနေလို့မကောင်းဘူးလား?' တစ်ယောက်ကမေးလိုက်သည်။
'ငါလုံး၀အဆင်ပြေပါတယ် မေးတဲ့အတွက်ကျေးဇူးပဲ၊ ဒါပေမဲ့....' သူ့ရဲ့ငြင်းဆိုမှုကို ပျော့ပြောင်းလောက်စေမည့်အပြုံးဖြင့် မပြောင်းလဲစွာ
'ငါတူတူပုန်းတမ်းကို ကစားမှာမဟုတ်သေးဘူး''ဘာလို့လဲ?' တစ်စုံတစ်ယောက်ကမေးလိုက်သည်။
သူ(Jackson)ပြန်မဖြေခင် ခနမျှတုံ့ဆိုင်းနေပြီးနောက်...။
'မိန်းကလေးတစ်ယောက်သေသွားတဲ့အိမ်မှာ ငါတစ်ခါတစ်လေသွားနေခဲ့ဖူးတယ်..သူမက အမှောင်ထဲမှာ တူတူပုန်းတမ်းကစားနေခဲ့တာကွာ...အိမ်အကြောင်းကိုလည်းကောင်းကောင်းမသိဘူး။ အဲ့မှာ
"အစေခံလှေကားထစ်"ဆီသွားတဲ့ တံခါးပေါက်တစ်ပေါက်ရှိတယ်...သူမကအဲ့တံခါးကိုဖွင့်ပြီး ခုန်ချလိုက်တာ....ပြီးတော့လှေကားရဲ့အောက်ခြေကိုပြုတ်ကျပြီး လည်ပင်းကျိုးသွားတော့တာပေါ့'
YOU ARE READING
Ghost Stories [mm translations]
Cerita Pendekဘာမှတော့မဟုတ်ပါဘူး ဘာသာပြန်ကြည့်ချင်စိတ်လေးပေါက်လာလို့ ဘာကိုပြန်ရမှန်းမသိတာနဲ့ အိမ်မှာရှိတဲ့ Oxford's Ghost Stories စာအုပ်ထဲက ကြိုက်တဲ့storyလေးတွေဘာသာပြန်ကြည့်ထားတာပါ ┐( ˘_˘)┌ I will describe Authors of each story 💁🏽♀️ and I don't own any of t...