Episode 1

1.5K 74 0
                                    

မင်း...ဘုရားသခင်ကိုယုံလား
အပိုင်း ( ၁ )

*****

Do you believe in god? How and Why?
ဘုရားသခင်ကိုယုံလား။ ဘာလ်ို့လဲ။ ကမ္ဘာကြီးမှာဖြစ်ပျက်နေသမျှ အရာတိုင်းက ဘုရားသခင်၏အလိုတော်တိုင်းဖြစ်နေတာကို လက်ခံသလား။ လူ့ဘဝရဲ့အဆိုးအကောင်းမှန်သမျှက ကိုယ်လုပ်လိုက်လုပ်ရက်တစ်ခုကြောင့် အကျိုးသက်ရောက်ရတယ်လို့လက်ခံရင် ဘုရားသခင်ရဲ့အလိုတော်ဆိုတာ ရှိပါ့မလား။

ကျွန်တော်ဟာ ဘဝရဲ့ဖြစ်ပျက်သမျှ အရာအားလုံးဟာ ကိုယ်ရွေးချယ်လိုက်လို့ဖြစ်ပေါ်လာတာလို့ အမြဲယုံကြည်ထားတယ်။ အသက်သုံးဆယ်ုဲ့ကာလတစ်လျောက်လုံး ဖြစ်သမျှအရာတိုင်းက ကျွန်တော်ကျေနပ်လို့ရွေးချယ်ခဲ့တာပဲ။ ကျွန်တော် အခုစီးနေတဲ့ဆိုင်ကယ် ကျွန်တော် ရှင်သန်နဲ့တဲ့အသက်မွေးဝမ်းကြောင်း ကျွန်တော့မိဘတွေကျွန်တော့ကို သားသမီးအဖြစ်အသိမှတ်မပြုတာရော အားလုံးဟာ ဘုရားသခင်အလိုတော်မဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင်ရဲ့ရွေးချယ်မှု။ ကျွန်တော် ခန့်ထည်၏ ရွေးချယ်မှု။ ဘုရားသခင်ဆိုတာ ကျွန်တော့ဘဝမှာ ဘယ်တုန်းကမှကိုးကွယ်ရာမဖြစ်ခဲ့ဘူး။

'ရော့ ခန့်ထည် ဒါသွားပို့ပေး စျေးကတော့ ထုံစံအတိုင်းပဲ'

ကျွန်တော့လက်ထဲရောက်လာသည့် ပလစတစ်အကြည်ဖြင့်အထပ်ထပ်ပတ်ကာ အပေါ်မှတိတ်အဝါဖြင့်သေချာပိတ်ထားသည့် ကော်ဖီတစ်ထုတ်စာခန့် အထုတ်လေးကို ဂျာကင်အင်္ကျီအတွင်းအိတ်ထဲသို့ထည့်လိုက်သည်။ ထို့နောက် ဂျာကင်အောက်တွင်ဖွက်ကာ ကိုယ်နဲ့မကွာအမြဲဆောင်ထားသည့် ဓားမြှောင်လေးကိုစမ်းကြည့်လိုက်မိသည်။

'ဂရုစိုက်သွားနော် ပြန်လာရင် ဝိုင်းကိုတန်းလာခဲ့'

ကျွန်တော်ခေါင်းငြိမ့်ပြ၍ ဆိုင်ကယ်ကိုအရှိန်ဖြင့်မောင်းထွက်ခဲ့တော့သည်။ တောင်ငူ သံတောင်ကြီးလမ်းအတိုင်း မောင်းလာခဲ့သည်။ မြို့အစွန်က ကွမ်းသီးခြံနှင့်အိမ်ကလေးများကိုဖြတ်ခဲ့ပြီးနောက် လေကအေးလာသည်။ ပသိချောင်းနားရောက်ခါနီး သစ်ပင်အုပ်အုပ်ရှိရာ လမ်းဘေးသို့ ဆိုင်ကယ်ကိုချိုးကွေ့လိုက်သည်။ ဆိုင်ကယ်တစ်စီးသာသွားဖြစ်ရုံပေါ်နေသညိ့ လမ်းလေးအတိုင်းလိုက်ခဲ့ရင်း ကွမ်းသီးခြံတစ်ခုရှေ့၌ ဆိုင်ကယ်ကိုရပ်လိုက်သည်။ ဟွန်းတီး၍ အသံပေးစရာမလို အားလုံးသည် အချိန်ကိုက်ပင်ဖြစ်၍ ပစ္စည်းလက်ခံမည့်သူမကြာမည်ထွက်လာလိမ့်မည်။ စီးကရက်တစ်လိပ်ကိုထုတ်ကာ မီးညှိ့၍ရှိုက်လိုက်သည်။ အလူမီနီယံဖြင့်လုပ်ထားသည့် စီးကရက်ဗူးထဲမှ စီးကရက်သည် ကျွန်တော်အတွက်သီးသန့်ဖြစ်၏။ လက်ဖက်ခြောက်ဟုခေါ်သော ဆေးခြောက်ကို ထည့်ကာလိပ်ထားခြင်းပင်ဖြစ်သည်။

မင်း ဘုရားသခင်ကိုယုံလားWhere stories live. Discover now