မင်း....ဘုရားသခင်ကိုယုံလား
အပိုင်း ( ၃ )
*****ညနေ၌ ခန့်ထည်တစ်ယောက် အလုပ်ကိစ္စဖြင့် လွိုင်ကော်သို့ခရီးထွက်ရပြီး နောက်တစ်နေ့ညနေမှပြန်ရောက်လာ၏။ သင်္ကြန်နားနီးပြီမလို့ ပစ္စည်းအရောင်းအဝယ်ပိုသွက်လာသည်။ ထို့ကြောင့် နေစဥ်ပစ္စည်းပို့နေရကြည့်သာ။ သင်္ကြန်မရောက်ခင် တစ်ရက်အလိုမှစ၍ စစ်တောင်းမြစ်ကမ်းဘေးရှိ အိမ်သို့သွားနေ
တော့သည်။ မိုက်ကတော့ ထုံစမ်းအတိုင်း အိမ်စောင့်ကျန်နေခဲ့ရှာ၏။ သူရောက်ပြီးမကြာခင် ခိုင် ရောက်လာသည်။'ဒီအခန်းမှာ မင်းနေရမယ်။ မင်းကားမောင်းတတ်လား'
ခိုင်က ခေါင်းခါသည်။
' သင်္ကြန်တွင်းတော့ လူတွေမျက်စိနောက်လို့ ဒီအိမ်မှာလာနေနေကျ။ မင်းဘာတွေလုပ်တတ်လဲ '
' စျေးရောင်းတတ်တယ် ငွေကိုင်တတ်တယ်'
' အာ စားစရာကိုပြောတာကွ'
' ထမင်းဟင်းချက်တတ်တယ်'
'အာ့ဆို ကိုယ်တို့ချက်စားကြတာပေါ့'
' ရှင်က မိန်းကလေးဖြစ်ပြီး ထမင်းတောင်ချက်မစားဘူးလား'
'မစားဘူး။ ကိုယ်လုပ်တတ်တာဆိုတော့ ငွေရှာတာပဲရှိတယ် ။ ထမင်းချက်ဖို့လိုတာရှိရင် လိုက်ဝယ်ပေးမယ်'
ခိုင်တစ်ယောက် မီးဖိုခန်းဟုထင်သောနောက်ဖေးခန်းထဲသို့ဝင်ကြည့်လိုက်သည်။ဖုန်တက်နေသည့်မီးဖိုချောင်သုံးပစ္စည်းများသာရှိ၏။
' အကုန်ဝယ်ရမှာပဲ'
'လာ သွားမယ်။ ဒီနေ့မဝယ်ရင် မနက်ဖြန်ဆိုင်တွေပိတ်ပြီ'
စျေး၌လိုအပ်တာများဝယ်သည် ပြန်ရောက်တော့ခန့်ထည်တစ်ယောက် အပြင်ထွက်သွားလိုက်သည်မှာ ညမိုးချုပ်မှပြန်လာသည်။ ထို့နောက် ထမင်းမစားပဲအိပ်ယာဝင်သွား၏။ နောက်ရက်တွေလည်းထိုအတိုင်းသာ။ နေ့လည်ဆယ့်နှစ်နာရီတွင် အိပ်ယာနိုးကာ ရေချိုးပြီး အပြင်ထွက်၏ ပြန်လာတော့ ကျောပိုးအိတ်တစ်လုံးပါလာပြီး အခန်းထဲဝင်သွားကာ နောက်တစ်နေ့နေ့ခင်းမှပြန်နိုးလာပြန်သည်။