အပိုင်း(၁)

148 8 2
                                    

အချစ်သည်သာရာဇဝင်တွင်စေသည်

"ဗျို့ အရပ်တို့ ဘိလပ်ပြန်မောင်မင်းထင်ကရမောင်ပြန်လာပြီဗျို့"

ဦးစံထွား အော်လိုက်တဲ့အသံကြောင့် မင်းမျိုးနွယ် ရင်ထဲလှိုက်ကနဲဖြစ်သွားခဲ့တယ် သူတို့အိမ်မှာ ရွာ အရှေ့ဘက်အစွန် ရွာတံခါးနဲ့အနီမှားရှိတာမို့ ဦးစံထွားရဲ့ အော်သံကို သူကြားရမြဲ မင်းမျိုးနွယ်ဆိုသည်ကာ မြို့ ရဲ့ အချမ်းသာဆုံးမဟုတ်သော်ကာ မြို့မျက်နှာဖုံးထဲကတစ်ဦးဟုပြောပလိုက်သောသူဌေးကြီး ဦးကုဋေမင်းကြွယ် သူဌေးကတော် ဒေါ်ဌေးနွယ်တို့၏တစ်ဦးတည်းသောသားဖြစ်ပေးသည် ထို့ကြောင့် မင်းမျိုးနွယ်တို့အိမ်သည်ကာ ကြီးမားသောကျွန်း နှင့် တခြား အဖိုးတန် သစ်တချို့နှင့်ဆောက်လုပ်ထားသည့်အတွက်ကြောင့်တင့်တယ်လှပသည့်အပြင် မြင်သူပမာ အိမ်ကြီးက လှလိုက်တာ ဟု ချီးမွမ်းရပေသည် ထိုအခါတော့ မင်းမျိုးနွယ်တစ်ယောက်ငယ်စဉ်ထဲက သံယောဇဉ်ရှိခဲ့သော သူ၏ တစ်ဦးတည်းသော ငယ်သူငယ်ချင်း တစ်ဖြစ် အကိုကြီး အဖြစ် ရှိသော မင်းထင်ကရမောင် အား ကြည့်ရန် အိမ်၏ လသာဆောင်ရှိရာ အပေါ် ထက်အား စိတ်အားထက်သန်သော ခြေလှမ်းများဖြင့် ခက်သွက်သွက်လေးတက်သွားပေသည်.......

အပေါ်ရောက်တော့ သူရဲ့သံယောဇဉ်လေးအားလှမ်းကြည့်မိတယ် တောင်ရှည်ပုဆိုး ကုတ် မဖလာ အနက်ရောင် ဘွတ်အနက် လည်ကတုံးအားတောက်ပြောင်စွာဝတ်ထားသော နှာတံဆင်းဆင်း အသား အညိုဆင် အရပ်မြင့်မြင့် ကျောပြင်ကျယ်ကျယ်နှင့် မင်းထင်ကရမောင်ဆိုသော် ‌မင်းမျိုးနွယ်ဆိုတဲ့သံယောဇဉ်လေး‌သည် တကယ်ပင်ပြောစရာမလိုအောင်ကြည့်ကောင်းပေးသည် ရွာထိပ်အား လူအများစုဝေးလာပီ မိန်းမပျိုလေးများကပါ လာရောက် နှီနှောကြပေသည် ထို လူသားသည် ပျိုတိုင်းကြိုက်နှင်းဆီခိုင်ဖြစ်ပေသည်.....

သူ‌ကျနော့ကို အမှတ်မထင် မျက်လုံးဆုံသည့် အခါ ကျနော်ပြုံးပြမိပါသော်လည်း သူသည်ကာ ပြန်ပြန်ပြုံးမပြသည့်အပြင် အလိုမကျသော မျက်နှာဟန်ဖြင့်တစ်ဖက်ပြန်လှည့်ကာ ပျိုကညာများဖြင့်စကားပြောနေပြန်သည် ...

နေပါအုံး ဒါနဲ့ အကိုကြီးနောက်မှာ ပါလာသည့်  အကိုကြီးလိုပဲ ဝတ်စားဆင်ယင်ထားသည့် အသားဖြူဖြူ ခပ်ချောချော လူမှာ မည်သူနည်း ဆိုသည်ကို မင်းမျိုးနွယ်မတွေး၍မနေနိုင်ပေ ထို သူသည်ကာ မင်းမျိုးနွယ်ကို မြင်သော အပြုံးရေးရေးလေးတစ်ခုကို ပန်ဆင်ပြုံးပြန်သည် မင်းမျိုးနွယ်သည်လဲ အလိုက်တသိပြန်ပြုံးပြပြန်သည် ထိုချိန်တွင်ထို လူနှစ်ဦးအား မင်းထင်ကရ‌ေမာင်သတိထားမိဟန်တူ၍ သူ့အနောက်မှလူကိုသွားမယ်ဆိုကာ အချက်ပြသည် ထိုသူလည် မင်းထင်ကရမောင်နောက် ထပ်ကြပ်မကွာလိုက်သွားပေသည် ထို အခါမှသာ မင်းမျိုးနွယ်သည် သူ့အခန်းလေးထဲဝင်ကွာ သူ၏ ကျွန်းကုတင်လေးပေါ်ရှိခေါင်းအုံးအပြာလေးပေါ်လှဲ၍နှဖူးပေါ်လက်တင်စဉ်းစားခန်းစဖွင့်ပြန်တယ်....

အချစ်သည်သာရာဇဝင်တွင်စေသည်Where stories live. Discover now