အပိုင်း(၂)

144 8 3
                                    

အချစ်သည်သာရာဇဝင်တွင်စေသည်

ရွာသူရွာ သားတေ ဖော်ရွေလာကြိုသည်မှာစိတ်ချမ်းမွေ့ဖွယ်ကောင်းသည်သို့သော် ကျနော် မင်းမျိုးနွယ်ဆိုတဲ့ကလေးကိုတွေ့ခဲ့ရသည် မင်းမျိုးနွယ်သည်ကာ ကျနော်နှင့်ညီကိုသကဲ့သို့ ငယ်သူငယ်ချင်းသကဲ့သို့နေခဲ့သောသူပင်ဖြစ်သည် မင်းမျိုးနွယ်သည် ယောင်္ကျားလေးဖြစ်သည်ကာ ငယ်ငယ်ထဲကနူးညံ့သည် မိန်းကလေးများကဲ့သို့သိမ်မွေ့သည် ထိုသည်ကာ သူ့အားကျနော်သည်သူ့အား ယောင်္ကျားလေးဆန်အောင် ကိုယ့်အားတိုက်ခိုက်လာလျှင်ကာကွယ်တတ်အောင်သင်ပေခဲ့သည်သို့သော် မင်းမျိုးနွယ်သည်ကာ ထင်သည်ထက်နူးညံ့လွန်းသည် ထိုသည်ထိကျနော် အနှောင့်အယှက်မဖြစ်သေး လက်ခံနိုင်သေးသည် အနှောင့်အယှက်ဖြစ်သည်ကာ မင်းမျိုးနွယ်သည်ကာ ကျနော့်အား ချစ်ပါသည် မေတ္တာ ရှိပါသည်တဲ့ ကျနော်မယုံနိုင် ဒီကိစ္စသည်တကယ်လွန်သည် ကျနော် ဘိလပ်မှာ ပညာသွားသင်တော့ ဟိုမှာ လိင်တူချစ်သူတေရှိပေမယ့်လဲ ဒီနိုင်ငံသည် မြန်မာနိုင်ငံဖြစ်သည် မြန်မာရိုးရာ မြန်မာ‌ဓလေ့ အယူအဆတေအများကြီးရှိသည် ထိုသည်ကာ ကျနော့အား စိတ်အနှောင့်အယှက်ဖြစ်စေသည့် အချက်ပင်ဖြစ်သည်......
>>>>>>>>>>>>>>>
"အဘ"

"ဝေ သားမင်းထင်"

ကျနော်အဖေ့ကိုတွေ့တော့ပြေးဖက်မိပါသည် ကိုယ့်မွေးရပ်ဇာတိကိုပြန်ရောက်လို့လားမသိပေအရမ်းကိုနွေးထွေးလှပါသည်

"ငါ့သားက မမြင်ရတဲ့၆နှစ်အတွင်းမှာ အတော့ကိုချောပီလူကောင်ကြီးလဲထွားလာပါရောလာကွာ"

"အဘသားပဲကိုဗျာ"

"ဒါနဲ့ ဒီသူငယ်လေး ကဘယ်သူတုန်းကွဲ့"

"သူလား ကျနော့သူငယ်ချင်းပါဗျ"

ဂျိမ်းစ် က အဘအားလက်အုပ်ချီဂါဝရပြုခြင်းဖြင့်နှုတ်ဆက်ပါတော့သည်

"မင်္ဂလာလာပါဗျ ကျနော့နာမည် jamesပါဗျ"

"ဂျမ်း ဟုတ်သလား လူလေး"

"Jamesပါဗျ"

"ဦးရီတော့ ခေါ်တတ်ပါဘူးဗျာ ဂျမ်းပဲခေါ် မယ်နော်"

"ဟုတ် ဟုတ်ကဲ့ရပါတယ်ဗျ"

ကျနော်လဲအမေ့ကိုမတွေ့တာကြောင့် အဘကိုမေးလိုက်တော့တယ်

အချစ်သည်သာရာဇဝင်တွင်စေသည်Where stories live. Discover now