ဒုတိယပိုင်း (unicode)

59 7 0
                                    

နှုးညံ့စွာထိကပ်လာနဲ့ နှုတ်ခမ်းပါးလေး ပြန်လည်ဆုတ်ခွာသွားသည့်တိုင် Shi Xun ကျောက်ဆစ်ရုပ်တစ်ရုပ်လိုကြောင်အစွာမှင်သက်နေမိသည်....

သခင်လေးLuကကျုပ်ကို ချစ်တယ်တဲ့ ဒါ... ဒါ အိပ်မက်မဟုတ်ပါဘူးနော် ....
အိပ်မက်မဟုတ်တာတော့ ပူနွေးသွားတဲ့နှုတ်ခမ်းက သက်သေပါပဲ...

"မင်းသိလား Shi Xun လေးနှစ်တာဝေးကွာသွားခဲ့ချိန်မှာ ငါ့ကိုယ်ငါ ကောင်းကောင်းသဘောပေါက်သွားခဲ့တယ် မင်းအပေါ်ထားမိတဲ့ သံယောဇဉ်က အဖြူသက်သက်မဟုတ်ဘူးဆိုတာ .....အရမ်းလွမ်းနေခဲ့တာ Shi Xun "

Shi Xunထိန်းချုပ်နိုင်စွမ်းမရှိတော့ပါ သိုဝှက်ထားတဲ့ ဆန္ဒတွေကို သွန်ချပစ်လိုက်တော့တယ်.....

မွတ်သိပ်တဲ့အနမ်းတွေကို မျက်လွှာလေးပိတ်ကာ ခံယူနေတဲ့ သခင်လေး.........
ကျုပ်သခင်လေးကို ဘယ်လောက်ချစ်နေမိတယ်ဆိုတာ အနမ်းတွေနဲ့ သက်သေပြနေမိသည်

သိပ်သည်းတဲ့အနမ်းတွေကြား သခင်လေးမောဟိုက်လာတော့မှ အသာလွတ်မြောက်ခွင့်ပေးလိုက်သည်

" အရမ်း ချစ်တယ်သခင်လေး
ဟိုး အရင်ကလေးဘဝတည်းက ချစ်နေခဲ့မိတာ
ဆန္ဒတွေကို ထိန်းချုပ်ရင်း ရူးမတတ်လွမ်းနေခဲ့ရတာ"

ဝိုးတဝါးလရောင်နဲ့ အမြင်အာရုံတွေမပီမြင်ပေမယ့် တစ်ဦးမျက်နှာတစ်ဦးကြည်နူးစွာစိုက်ကြည့်နေရင်း
တဖန်
ချိုမြိန်တဲ့အနမ်းတွေကို နှစ်ဦးသား စည်းချက်ညီညီ ဖန်ဆင်းလိုက်ကြပြန်သည်..........
...
...

" သခင်လေး.. . သခင်လေးLu💥"
ဝန်းကျင်အနှံ့မှ အော်ခေါ်သံများကြောင့် ရင်ခွင်ထဲမှသခင်လေး လူးလွန့်လာ၏
Shi Xunမနိုးသေး ယောင်ယမ်းပီး သခင်လေးလွှတ်ထွက်သွားမှာစိုးသည့်အလား တိုးဖက်ထားလိုက်သည်

"Shi Xun, Shi Xun လူတွေရောက်လာကြပီ"
" အင်း ဟင်း..အင်း"
သခင်လေးအသံကြားမှ Shi Xunမျက်လုံးပွင့်လာပီး မလွှတ်ချင်လွှတ်ချင်ဖြင့် ဖြေလျော့ပေးလိုက်သည်

အာရုဏ်အလင်းတောင်ဝင်စပြုနေပီပဲ
Shi Xun သခင်လေးကို အနမ်းတချက်ပေးလိုက်ပီး

"ဟေး .....သခင်လေးဒီမှာ ကျုပ်တို့ဒီဘက်မှာဗျို့....."

" လျိုအောက်ဘက်ကလာတဲ့အသံပဲ သခင်လေးတို့လျိုအောက်မှာ ....ဒီဘက်လာခဲ့ကြဟေ့"
အရပ်မျက်နှာ အနှံ့မှ မီးတုတ်များဖြင့် လူများ စုရုံးဦးတည်လိုက်ကြသည်"

❤မခွဲအတူ❤Nơi câu chuyện tồn tại. Hãy khám phá bây giờ