ဦးလေးWuရဲ့ တည်းဦးတည်းသောချစ်ရသူဟာ ယောင်္ကျားသားတစ်ယောက်ဆိုရင် အများကအံ့သြကြလေမလား.....
ဟုတ်တယ် ဦးလေးWuနဲ့ခုချိန်ထိသိုဝှက်စွာချစ်နေကြဆဲ ချစ်ရသူက အဖွဲ့ (၃)ရဲ့ ခေါင်းဆောင် အဖွဲ့မှူးHuan (Huan Zi Tao)ပဲ"ဘာဖြစ်လဲ ..ဦးလေးWuတို့ ခုချိန်ထိချစ်နေကြတာပဲဟာ"
"ငါနဲ့Taoက မင်းတို့်နှစ်ယောက်နဲ့တော့ ဘယ်တူပါ့မလဲ ငါတို့ကအသက်ရွယ်လည်းရလာပီ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိပေမယ့်လည်း မိသားစုနဲ့ ပတ်ဝန်းကျင်ကိုကြည့်ပီး အများအမြင်မှာ အရင်းနှီးဆုံးမိတ်ဆွေတွေအဖြစ်နဲ့ပဲ နေနေကြရတာ
နှစ်ကိုယ်တူဘဝမတည်ဆောက်နိုင်ပေမယ့်လည်း
ဒီလိုအခြေနေကိုပဲ ငါတို့တွေရောင့်ရဲနိုင်တယ် Shi Xun""ချစ်သူရှိလာပီဆိုရင် ချစ်ရသူနဲ့နှစ်ယောက်တည်းကမ္ဘာတည်ဆောက်ချင်ကြတာ ဓမ္မာတာပဲမဟုတ်လား ဦးလေးWu"
"အဲ့ဒါကိုပြောတာပေါ့ Shi Xun ငါနဲ့ Taoက ကိုယ်ဆီအိမ်ထောင်မပြုပဲ ဒီလိုတစ်သက်လုံး ရင်းရင်းနှီးနှီးနေထိုင်သွားလို့ရတယ် မင်းတို့ကတော့မဖြစ်နိုင်ဘူးလေ
မင်းကိုငါ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးရင်တောင် သခင်လေးLuကတော့ သူ့အုပ်ထိန်းသူမိဘတွေရဲံ့စီမံမှုကိုနာခံရမှာပဲ
Shi Xunဒါအစဉ်အလာပဲ"Shi Xun အတန်ကြာတွေတွေလေးငေးမောနေမိသည်
"ကျုပ်နားလည်ပါတယ်... တနေ့တချိန်ကြုံတွေ့ရမှာပဲဆိုတာ အဲ့ဒီအချိန်ကြ သခင်လေးLuရဲ့ဆန္ဒအတိုင်းပါပဲ သခင်လေးLuအဆင်ပြေမယ်ဆိုရင် ပျော်ရွှင်နိုင်မယ်ဆိုရင် ကျုပ်အရာရာကိုစတေးရဲပါတယ် လက်ရှိချိန်လေးမှာတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ အားပါးတရချစ်ပါရစေ ဦးလေးWu"
Wu Yi Fan တူတော်မောင် ပခုံးကိုအသာပုတ်ကာနှစ်သိမ့်အားပေးလိုက်သည်
"သတိတော့ထားပေါ့ ငါ့တူရာ ပျော်ရွှင်စရာအချိန်လေးတွေ အကြာကြီးဆွဲဆန့်နိုင်ပါစေကွာ"