ဒုတိယပိုင်း

1.4K 130 2
                                    

နှုးညံ့စွာထိကပ်​လာနဲ့ နှုတ်​ခမ်းပါး​လေး ပြန်​လည်​ဆုတ်​ခွာသွားသည့်​တို်​င်​ Shi Xun ​ကျောက်​ဆစ်​ရုပ်​တစ်​ရုပ်​လို​ကြောင်​အစွာ....

သခင်​​လေးLuကကျုပ်​ကို ချစ်​တယ်​တဲ့ ဒါ... ဒါ အိပ်​မက်​မဟုတ်​ပါဘူး​နော်​ ....
အိပ်​မက်​မဟုတ်​တာ​တော့ ပူ​နွေးသွားတဲ့နှုတ်​ခမ်းက သက်​​သေပါပဲ...

"မင်းသိလား Shi Xun ​လေးနှစ်​တာ​ဝေးကွာသွားခဲ့ချိန်​မှာ ငါ့ကိုယ်​ငါ ​ကောင်း​ကောင်းသ​ဘော​ပေါက်​သွားခဲ့တယ်​ မင်းအ​ပေါ်ထားမိတဲ့ သံ​ယောဇဉ်​က အဖြူသက်​သက်​မဟုတ်​ဘူးဆိုတာ .....အရမ်းလွမ်း​နေခဲ့တာ Shi Xun "

ကျုပ်​ထိန်းချုပ်​နိုင်​စွမ်းမရှိ​တော့ပါ သိုဝှက်​ထားတဲ့ ဆန္ဒ​တွေကို သွန်​ချပစ်​လိုက်​တယ်.....

မွတ်​သိပ်​တဲ့အနမ်း​တွေကို မျက်​လွှာ​လေးပိတ်​ကာ ခံယူ​နေတဲ့ သခင်​​လေး.........
ကျုပ်​သခင်​​လေးကို ဘယ်​​လောက်​ချစ်​​နေမိတယ်​ဆိုတာ အနမ်း​တွေနဲ့ သက်​​သေပြ​နေမိတယ်

သိပ်​သည်းတဲ့အနမ်း​တွေကြား သခင်​​လေး​မောဟိုက်​လာ​တော့မှ အသာလွတ်​​မြောက်​ခွင့်​​ပေးလိုက်​တယ်

" အရမ်း ချစ်​တယ်​သခင်​​လေး
ဟိုး အရင်​က​လေးဘဝတည်းက ချစ်​​နေခဲ့မိတာ
ဆန္ဒ​တွေကို ထိန်းချုပ်​ရင်း ရူးမတတ်​လွမ်း​နေခဲ့ရတာ"

ဝိုးတဝါးလ​ရောင်​နဲ့ အမြင်​အာရုံ​တွေမပီမြင်​​ပေမယ့်​ တစ်​ဦးမျက်​နှာတစ်​ဦးကြည်​နူးစွာစိုက်​ကြည့်​​နေရင်း
တဖန်​..
ချိုမြိန်​တဲ့အနမ်း​တွေကို နှစ်​ဦးသား စည်းချက်​ညီညီ ဖန်​ဆင်းလိုက်​ကြပြန်​တယ်​..........
...
...

" သခင်​​လေး.. . သခင်​​လေးLu💥"
ဝန်းကျင်​အနှံ့မှ ​အော်​​ခေါ်သံများ​ကြောင့်​ ရင်​ခွင်ထဲမှသခင်​​လေး လူးလွန့်​လာ၏
Shi Xunမနိုး​သေး ​ယောင်​ယမ်းပီး သခင်​​လေးလွှတ်​ထွက်​သွားမှာစိုးသည့်​အလား တိုးဖက်​ထားလိုက်​သည်

"Shi Xun, Shi Xun ​လူ​တွေ​ရောက်​လာကြပီ"
" အင်း ဟင်း..အင်း"
သခင်​​လေးအသံကြားမှ Shi Xunမျက်​လုံးပွင့်​လာပီး မလွှတ်​ချင်​လွှတ်​ချင်​ဖြင့်​ ​ဖြေ​လျော့​ပေးလိုက်​တယ်

❤မခှဲအတူ❤Where stories live. Discover now