"တစ်ယောက်တည်း နေလို့ရရဲ့လား.."
ဆရာမ သည် စာသင်ပြီးသောအခါ အိမ်မပြန်သေးဘဲမိနစ် နှစ်ဆယ် ခန့် သင်ခန်းစာများအား ပြန်နွေးပေးသည် ။သို့ရာတွင် အမေ သည် ယခုထိ ပြန်မရောက်သေးသဖြင့်ဆရာမ လည်း ပြန်ချင်နေဟန်တူသည် ။ စစ်လည်း စာမသင်ချင်တော့ သောကြောင့်
"ရပါတယ်.."
"ဒါဆို ဆရာမ ပြန်တော့မယ်နော်.."
"ဟုတ်ကဲ့..ရပါတယ်.."
"အိမ်တံခါး စေ့ထားနော်.."
ဆရာမ သည် စိတ်မချဟန်နှင့် ခြံပေါက်ဝမှာ လှည့်ကာပြောလိုက်သည် ။ စစ် လည်း ဟုတ် တစ်လုံးတည်းပြန်ပြောကာ ဖုန်းပြေးကိုင်နေသည် ။
"ဟုတ်.."
ဆရာမ ပြန်သွားတော့မှပင် အိမ်က ပို၍ တိတ်ဆိတ်လာသည် ။ဆရာမလာတုန်းက မီးဖွင့်ထား၍ အရမ်းတော့ မမှောင်သေး ။မမှောင်သေးသဖြင့် ကြောက်စိတ်လည်း သိပ်မရှိတော့ ။
ဖုန်းဖွင့်လိုက်သောအခါ အဖေ နှင့် အမေ့ဆီမှ missed call များ အား တွေ့ရသည် ။ စစ် လည်း အမေ့ထံသို့ ဖုန်းပြန်
ခေါ်လိုက်သည် ။'ဟယ်လို..သား စာသင်ပြီးပလား'
'ခုနလေးတင် ပြီးသွားတယ်..အမေ ဘာလို့ ဖုန်းတွေအများကြီးဆက်ထားတာလဲ..အဖေရောပဲ..သားက ဖုန်းစက်ပိတ်ထားလိုက်တာ..'
'အော်အေး..အမေက ဒီနေ့ တော်တော်နောက်ကျမှာ..နာရေးရှင်ကို နှစ်သိမ့်ပေးနေရတယ်လေ..သူ့မှာလည်းအားငယ်နေရှာတာ..'
ဆရာမ ဖွင့်ထားခဲ့သော မီး အလင်းရောင် အားကိုးကြောင့်စစ် မှာ အမေဧ။် စကားအား ကြောက်လန့်တကြား မတုန့်ပြန်ဘဲ ခုံပေါ်တွင် သက်တောင့်သက်သာ ကျောမှီထားကာ
အမေဧ။် စကားများအား ဆက်နားထောင်နေသည် ။'သားအဖေကတော့ သိတဲ့အတိုင်း အမေ့ထက်တောင်နောက်ကျဦးမယ်..အဲ့ဒါ သား နေလို့ဖြစ်ရဲ့လား..မဖြစ်ရင်..'
'ဖြစ်ပါတယ်.. ဒီလောက်လေးကတော့..'
အမေ ဧ။် စကားအား ဆုံးအောင်ပင် နားမထောင်တော့ဘဲဝင့်ကြွားသော လေသံနှင့် ဖြတ်ပြောလိုက်သည် ။ထိုအခါ အမေသည် စိတ်ချသွားသော လေသံဖြင့်..
YOU ARE READING
Tie Up ( Completed)
Teen Fictionမင်း စိတ်ကြိုက် ချည်ပါ ပိုင်... #Zawgyi မင်း စိတ်ကြိုက် ချည်ပါ ပိုင်.. #Unicode Start Date -19.10.2021 End Date -19.01.2022 Cover pics from pinterest Crd to owners for pics