ep-(42)

241 16 22
                                    

"Happy Birthday မောင်..."

မိုးခနေစဉ် သည် သူဧ။် လက်ထဲမှ လက်ပတ်အားမင်းဘုန်းမြတ်ပိုင် ဧ။် လက်ကောက်ဝတ်တွင်ပတ်ပေးရင်း ခပ်တိုးတိုး ဆို လိုက်သည် ။ မင်းဘုန်းမြတ်ပိုင် သည် မိမိလက်အား
ရောင်စုံမီးအလင်းရောင်အောက်တွင် ထောင်ကြည့်လိုက်သည် ။

"သားတို့ ဒီမှာ ဘာလုပ်နေကြလဲ..ဘာမှလည်း
မစားရသေးဘူး..ဧည့်သည်​တွေတောင် ရောက်နေပြီ.."

မင်းဘုန်းမြတ်ပိုင် ဧ။် အမေသည် ၄င်းတို့အနီးသို့ရောက်လာ၍ ပြောလိုက်သည် ။ မိုးခနေစဉ် သည်မလုံမလဲ ဖြင့် မင်းဘုန်းမြတ်ပိုင် ဧ။် အမအားပြုံးပြလိုက်သည် ။ မင်းဘုန်းမြတ်ပိုင် သည်မိုးခနေစဉ် ဘက်သို့ လှည့်၍..

"မင်းလည်း လာလေ...စားစရာတွေတောင် 
အသင့်ဖြစ်နေပြီ.."

"​ေဩာ်..အင်းပါ.."

မင်းဘုန်းမြတ်ပိုင် တို့ဧ။် ခြံဝန်းထဲ၌ ရောင်စုံမီးလုံးများ ၊စားပွဲ ခုံမြင့်များ နှင့် ထိုင်ခုံများအား စနစ်တကျချထားသည် ။ညခင်းပိုင်းဖြစ်၍ ခြံရှေ့မှ ညမွှေးပန်းရနံ့လေးသည်
သင်းပျံ့လျက်ရှိသည် ။ သစ်ပင်ကြီးများသည်မင်းဘုန်းမြတ်ပိုင် ဧ။် မွေးနေ့အတွက် ဝမ်းမြောက်နေသည့်အလား ဘယ်ညာ ယိမ်းနွဲ့နေကြသည် ။ 

"ဒါ သား မင်းဘုန်း လား..ချောလာလိုက်တာ
အရပ်လည်းအရှည်ကြီးပဲ..."

"ကျေးဇူးတင်ပါတယ်..ဒီဘက်ကို ကြွပါ.."

ပန်းရင့်ရောင် ဂါဝန်အား အနောက်တိုင်းဆန်စွာဝတ်ထားသော အမျိုးသမီးကြီး သည် မင်းဘုန်းမြတ်ပိုင် အားတွေ့သည်နှင့် ဝမ်းသာအားရ နှုတ်ဆက်သည် ။

မင်းဘုန်းမြတ်ပိုင် သည် အမျိုးသမီးကြီး အား
လိုက်လှုဲစွာ နှုတ်ဆက်၍ သင့်တော်သော စားပွဲတွင်နေရာပေးသည် ။ 

"မောင် က တကယ့် perfect ပဲနော် "

မိုးခနေစဉ် သည် ရောင်စုံမီးရောင်များ အောက်တွင်အဖြူရောင် အနောက်တိုင်းဝတ်စုံဖြင့် ချောချင်တိုင်းချောနေသော မင်းဘုန်းမြတ်ပိုင် အားလက်မထောင်ပြရင်း ပြောလိုက်သည် ။ မင်းဘုန်းမြတ်ပိုင် သည် အသံထွက်ရယ်၍..

Tie Up ( Completed) Where stories live. Discover now