အပိုင်း-12 : မျက်နှာဖုံးမှ မျက်ရည်များစီးကျလာခြင်း။

3.1K 387 0
                                    

အပိုင်း-12 : မျက်နှာဖုံးမှ မျက်ရည်များစီးကျလာခြင်း။

နန်းတော်ဂိတ်တံခါးရှေ့ တွင် နီညိုရောင်မြင်းပေါ် ၌ ချီဇဲနိုင်း ရှိနေသည်ကို မော့မော့ နှင့် ကိုယ်ရေးအစေခံ ယုပိုင်တို့ မြင်လိုက်သည်။

ငယ်ရွယ်သည့် လူငယ် အသက် ၁၇-၁၈ သာရှိသေးပြီး အပြာရောင်ဘရိုကိတ်ကို ဝတ်ဆင်ထားသည်။မျက်ခုံးနှင့်မျက်လုံးတို့ သည် အနက်ရောင်ဖြစ်ပြီး ကြယ်များကဲ့သို့ တောက်ပနေလေသည်။ အကြည့်များ မှာ အလွန်ရဲရင့်သည်။ အနက်ရောင်ဆံနွယ်များ မှာ လေကြောင့် ယိမ်းနွဲ့သွားသည်။

'သခင်လေးချီ"

ယုပိုင် သည် ဧကရီ ပြောခိုင်းသောစကားများကို ချီဇဲနိုင်း အနားသို့ကပ်၍ တီးတိုးပြောလိုက်စဉ် ချီဇဲနိုင်းမှာ လက်သီးတင်းတင်းဆုပ်ထားမိသည်။

ချီဇဲနိုင်း သည် ပါးလွှာသည့်နှုတ်ခမ်းကိုက်ဖိ၍ တိတ်ဆိတ်နေ၏။

အခုက သူ့ညီမကို ပြန်ခေါ် ဖို့အချိန်ကောင်းမဟုတ်သည်ကို သူသိသည်။

ပြောရရင် ဒီကိစ္စနှင့် ပတ်သက်၍ မိသားစုကိုပြောပြဖို့ အကြံဉာဏ်မရှိသေး။ထို့အပြင် သူမ ၏ နေရာ၌အယောင်ဆောင်သူလည်းရှိသေးသည်။ အယောင်ဆောင်မက ခွေ့လေးကို သေအောင်လုပ်ခဲ့တာ!

ယုပိုင် ကို မပြောခင် ထက်မြက်သည့် ချီဇဲနိုင်း၏ မျက်လုံးများအရောင်ပြန်လာပြီး လက်သီးကို တင်းတင်းဆုပ်ထားမိသည်။

"အရှင်မကို ပြောလိုက်ပါ၊ ကျွန်တော် ဘာလုပ်ရမလဲသိတယ်လို့"

ချီဇဲနိုင်း ဧကရာဇ် ၏ အမိန့်ဖြင့် အဆင့် ၄ ဆင့်ရှိ ၊ အင်ပါယာအစောင့်များနဲ့အတူ ဉီးဆောင်စစ်ဆေးခဲ့သည်။ ဧကရီ ဘာကို ရည်ရွယ်သည်ကို မသိခဲ့ချေ။

ဂျင်းပြည်နယ်၊ ဂျန်ယုခရိုင်ကိုရောက်သောအခါ အနည်းငယ်စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ရက်စက်သည့်အမှန်တရားကို တဖြေးဖြေးရှာဖွေတွေ့ ရှိခဲ့သည်။

နတ်ဆိုးစိတ်နဲ့လူနှစ်ယောက်က သူ့ညီမလေး၏ နေရာကို သူ့တို့ကလေး နှင့် အစားထိုးခဲ့သည်။ သူ့ညီမလေး သည် အစားထိုးခံခဲ့ရသည်သာမက ညည်းပန်းခံရတယ်၊ စော်ကားခံရတယ်၊ သူ့ညီမ ၏ ဘဝပျက်စီးလုလုနီးနီးဖြစ်ခဲ့သည်။

အမြောက်စာမလေး နှင့် ဗီလိန်လေး တို့၏ ပျော်ရွှင်ဖွယ်အဆုံးသတ်။Nơi câu chuyện tồn tại. Hãy khám phá bây giờ