အပိုင်း-6 :မွေးရာပါအမှတ်။

4.2K 457 2
                                    

အပိုင်း-6 :မွေးရာပါအမှတ်။

သူတို့အဖွဲ့ မေပယ်တောအုပ်ကိုလျင်မြန်စွာဖြတ်လာခဲ့ကြသည်။

ထိုအချိန် မှန်ရေကန်နားသို့ရောက်လာပြီ တစ်ယောက်ယောက် လက်ကိုနွေးထွေးစေတဲ့ လက်ဆွဲမီးအိမ်ကလေးဖြင့် အပြေးအလွှားရောက်လာသည်။

ချီခွေ့ ကျေးဇူးတင်စွာလက်ခံလိုက်သည်။ အင်္ကျီများရေစိုနေပေမဲ့ လက်ကနွေးထွေးနေတာကြောင့် ရေခဲခန္ဓာကိုယ် မှာ အနည်းငယ်နွေးထွေးလာသည်ဟု ခံစားမိသည်။

" အရှင်မ၊ ဒီအစေခံ ၊သမားတော်တစ်ယောက်ကိုခေါ် လာခဲ့ပါတယ်" အကြီးဆုံးမော့မော့မှ လေးစားစွာ တင်ပြသည်။ "သခင်မ၊ ဆေးပညာချို့တဲ့မှုကိုနားလည်ပေးပါ၊ဒီအစေခံက သခင်လေးအရင်ကုသပေးဖို့ ပင့်လာခဲ့တာပါ "

ဧကရီ က ခေါင်းညိတ်၍ လျင်မြန်စွာလျှောက်လာသည်။

သီးသန့်ခန်းထဲတွင် ရေနွေးပြင်ဆင်ပေးထားသည်။ ဧကရီဝေ သည် ချီခွေ့ကို အလျင်အမြန် ရေချိုးခိုင်း၍ ယုဘိုင် ကိုကူညီခိုင်းသည်။

ယုဘိုင် သည် ချီခွေ့ ၏ အဝတ်အစားများကို ကူချွတ်ပေးစဉ် ချီခွေ့၏ ပိန်ညှီတဲ့အသားအရည်နဲ့ အရိုးများကိုမြင်လိုက်သည်။ ၎င်းကိုကြည့်ရင်း သူမ လေအေးများရူသွင်းမိသည်။

ဒီမိန်းကလေး သည် ပိန်လွန်းသည်။ ကျောအနောက်ဘက်၌ များစွာသော ဒဏ်ရာအမာရွတ်များ နှင့် အတွင်းကြေးများ ရှိနေသည်။ ဒဏ်ရာအဟောင်းနဲ့အသစ်ရှိပြီး ချောမွေ့သည့်အသားအရည်အပေါ် အကြည့်တစ်ချက်ထဲ နှင့် အလွန်ပေါ် လွင်နေသည်မှာ တုန်လှုပ်ဖို့ကောင်းသည်။

သေချာပေါက် နှစ်များစွာ အနိုင်ကျင့်ခံခဲ့ရတာ!

ယုဘိုင် မှာ ရုတ်တရက်တိတ်ဆိတ်သွားတာကြောင့် ချီခွေ့ မှာ အေးခဲသွားသည်။ သူမ ရေချိုးကန်ထဲထိုင်ချ၍ သူ့ကိုယ်သူလက်နဲ့ ဖုံးကွယ်ကာပြောလိုက်သည်။ "မိန်းကလေးယုဘိုင်၊ကျွန်မ ဟာကျွန်မ လုပ်ဖို့အဆင်ပြေတယ်၊ရှင် အရင်ထွက်သွားနိုင်ပါတယ်"

ယုဘိုင် ချီခွေ့ ကိုကြည့်၍ တစ်ခုခုပြောချင်သော်လည်း ရပ်သွား၏။ ချီခွေ့ ၏ အဆင်မပြေသောမျက်နှာကိုကြည့်၍ ခေါင်းညိတ်လိုက်သည်။ သူမကြောင့် ပိုအဆင်မပြေမှာစိုးသည်။

အမြောက်စာမလေး နှင့် ဗီလိန်လေး တို့၏ ပျော်ရွှင်ဖွယ်အဆုံးသတ်။Onde histórias criam vida. Descubra agora