အပိုင်း-7 : ဧကရီ

3.9K 447 1
                                    

အပိုင်း-7 : ဧကရီ

ထိုအချိန်တွင် တစ်စုံတစ်ယောက် တံခါးလာခေါက်သည်။ "အရှင်မ၊ အရှင် ရောက်နေပါတယ်.."

ဒါကိုကြားတော့ ဧကရီ၏ နှုတ်ခမ်းထောင့်ကွေးတက်သွားကာ ပျော်ရွှင်သွားသည်ကို မဖုံးဖိထားပေ။

ဧကရီ သည် ချက်ချင်းမတ်တပ်ထရပ်၍ ကိုယ်တိုင်တံခါးဖွင့်ကာ ကြိုဆိုသည်။

အသက် ၃၀ အရွယ်အပြာရောင်ပိုးချည်ထည် ဝတ်ထားသည့်ယောကျာ်းတစ်ယောက် လျင်မြန်စွာဝင်လာသည်။ သာမန်ထက် အရပ်ရှည်သလို နေရောင်ကြောင့်အသွင်အပြင် မှာ ပိုညင်သာနူးညံ့နေသည်။

ချီခွေ့ သည် ထိုသူကိုကြည့်၍ ဧကရာဇ်ဖြစ်ရမယ်လို့တွေးမိသည်။ သူက ဧကရာဇ် ပဲ။

ဧကရီဝေ သည် အင်ပါယာနန်းတော်က သမားတော် ကို တစ်ယောက်ယောက် နှင့် သွားခေါ် ခိုင်းပြီး ဒီအခြေအနေကို ဧကရာဇ် ဆီသို့ တင်ပြခိုင်းခဲ့သည်။ ဧကရာဇ် သည် သတင်းကြားကြားချင်း အလျင်အမြန်ရောက်လာခဲ့ခြင်းဖြစ်သည်။

"ရုံရုံ ..ဇန်းအာ၊ ဘယ်လိုနေသေးလဲ?"

"ဂျင်းစွပ်ပြုတ်သောက်ထားလို့ အခုအိပ်ပျော်နေပြီ.."

တစ်ယောက်နဲ့တစ်ယောက် စကားတပြောပြောနဲ့လျှောက်လာကြသည်။ သူတို့နှစ်ယောက်အပြုအမူများ သည် သဘာဝကျ၍ သာမန်လင်မယားနှင့်တူသည်။

အင်ပါယာသမားတော်နှင့် အစောင့်တစ်ချို့ တို့ သည် အပြင်ဘက်တံခါးဝ၌မတ်တပ်ရပ်စောင့်နေပြီး ဧကရာဇ်၏ အခေါ် ကိုစောင့်နေ၏။ အခန်းထဲက ချီခွေ့ ကို မြင်သောအခါ ဧကရာဇ်မှာ တောင့်ခဲသွားသည်။ အကြည့်တစ်ချက်မှာတင် ဒီမိန်းကလေး ဧကရီနဲ့အနည်းငယ်တူတယ်လို့တွေးမိသည်။

ဧကရာဇ် သည် ဧကရီကိုအကြည့်တစ်ချက်နဲ့မေးခွန်းထုတ်လေသည်။ ဧကရီက ဝမ်းမြောက်စွာပြုံး၍ နောက်မှရှင်းပြမယ်လို့ အချက်ပြသည်။

ချီခွေ့ မှာ သိမ်မွေ့သောအပြန်အလှန်ဆက်နွယ်မှုကိုမြင်လိုက်သည်။ သူတို့နှစ်ယောက်ကြားဆက်ဆံရေး မှာ အတော်လေးကောင်းမွန်တယ်လို့ ပြောနိုင်သည်။

"သခင်ကုနဲ့သခင်မကု တို့ တခြားကိစ္စမရှိရင် ကျွန်မ သွားလိုက်ပါမယ်.."

အမြောက်စာမလေး နှင့် ဗီလိန်လေး တို့၏ ပျော်ရွှင်ဖွယ်အဆုံးသတ်။Onde histórias criam vida. Descubra agora