"ပစ္စည်းတွေစုံပြီထင်တယ်၊ကျွန်မသွားတော့မယ်။"
"ခဏလေး၊ခဏလေး။နောက်ဆုံး ဆုံးဖြတ်ချက်ဆိုတာသေချာရဲ့လား ဆူးလ်ဂီ။တို့..တို့ကနောင်တရနေရတာတွေကိုမုန်းလို့"
ဆူယောင်းကတော့ မျက်နှာချင်းဆိုင်လျက်ရပ်နေသောသူမတို့နှစ်ယောက်ကိုကြည့်ပြီးသက်ပျင်းခပ်လေးလေးချသည်။
မှုန်ဝါးလာသော မြင်ကွင်းအားအနည်းငယ်မျှနေသားကျအောင် ဆူးလ်ဂီမျက်လုံးများအား နှစ်ကြိမ်မျှ ခပ်မြန်မြန်ပုတ်ခတ်လိုက်သည်။ပူလာသည်ဟုထင်ရသောကြောင့် ညာဘက်နားရွက်အားပွတ်သပ်လိုက်သည်။
"ဆူးလ်ဂီ "
"ဟင် "
"အစ်မ နင်သွားမှာလား၊ငါဆွဲထုတ်ရမှာလား။နှစ်ရက်နေရင်ပြန်တွေ့ရမှာပဲကို ကဲသဲနေလိုက်ကြတာ။ပြီးတော့ ဂျူဟျွန်းနင့်ရည်းစားကိုငါတို့အပိုင်သိမ်းမသွားဘူး။နင့်အလုပ်တွေပြီးရင်လိုက်လာလို့ရတယ်။"
ဘုဆက်ဆက်ပြောပြီးထွက်သွားသော ဆူယောင်းအားကြည့်၍သူမတို့နှစ်ယောက် ရယ်လိုက်ကြသည်။
"လွမ်းနေတော့မှာ။ "
"ကျွန်မရောပဲ။ ""ဖုန်းဆက်နော် တစ်ခုခုဆိုတာနဲ့။"
"အဆင်ပြေမှာပါ ဂျူဟျွန်းရဲ့။ကျွန်မကဖြင့်ကမ်းခြေကိုရောက်ရောက်ချင်း ဂျူဟျွန်းလက်ကိုအပြေးကလေးဆွဲပြီး ပတ်လည်ချင်တာ။နှစ်ရက်ထက်တော့ပိုမကြာနဲ့နော်။""Merry Christmas ဘေဘီ"
"Merry Christmas ဂျူဟျွန်း""ကုန်တိုက်အရင်သွားရအောင်။လေဆိပ်ကဝိုင်ပုလင်းတွေက လက်ဆောင်ပေးဖို့အတွက် စျေးကြီးလွန်းတယ်။ "
"ညီမလည်းစဉ်းစားနေတာ။ဝမ်မားမားက ဝမ်နဲ့လေဆိပ်ကစောင့်နေမယ်ပြောတယ်။သူ့သမီးကို ဝိုင်ပုလင်းနဲ့လဲကြစို့။"ခပ်လေးလေးဖြစ်နေသော စိတ်အားသက်သာစေရန် ဟာသမမည်သောဟာသအား သူမတို့ရယ်လိုက်သည်။
ကုန်တိုက်သို့ရောက်လျှင် ဂျိုအီ့အားစောင့်ခိုင်း၍ ဆူးလ်ဂီအပြေးလေးသွားလိုက်သည်။လေယာဉ်ချိန်မှာနီးပြီ။ကားပါကင်ထိုး၍အေးဆေးရွေးနေလို့မဖြစ်။စပျစ် အရသာဝိုင်ပုလင်းကို ငါးလုံးခန့်ဝယ်၍ ဆူးလ်ဂီကိုယ်တိုင် စက္ကူစများဖြင့် သုံးလုံးကိုထုပ်ပိုးလိုက်သည်။ကော်ဖီပူပူနှစ်ခွက်အားကိုင်ကာခပ်မြန်မြန်ဝယ်ကာဆူးလ်ဂီပြန်အထွက် သူမအားလူနှစ်ဦးကဝင်တိုက်သည်။လေဖောင်းအင်္ကျီကြောင့်သူမအပူလောင်မသွားသောလည်း၊အနွေးထည်မှာ စိုရွှဲသွားနှင့်ပြီ။အနည်းငယ်ဒေါသထွက်သွားသော်လည်းရန််မထောင်အား ကားဆီသာအပြေးသွားရသည်။