ကမ္ဘာကြီးသာရုတ်တရက် ပျက်ဆီးသွားပါက ဟူ၍ ခဏခဏတွေးဖူးသည့်အလျောက် မေမေနှင့်ဆူယောင်းကို ဘာမှမဖြစ်ခင်အနားမှာထားရန်သာ ဝမ်အမြဲတွေးမိသည်။ယခုတော့သူမအနားမှာ မေမေသာရှိသည်။
ဆူယောင်းများလေဆိပ်ကိုလိုက်လာမလားတွေးကြည့်မိပေမဲ့ လေဆိပ်သည်အန္တရာယ်အများဆုံးနေရာ။စွန့်စားရာကျလွန်းသည်။အတွေးများနှင့်မေ့ကာ မတ်တပ်ရပ်မိတော့ မေမေက သတိထားရန် ပြောသည်။တစ်လက်စတည်း စားချင်စိတ်မရှိသော်လည်း ဆာနေသည့် ဗိုက်ကိုအကြောင်းပြကာ အာလူးချောင်းအသင့်ကြော်ပြီသားများထိုင်စားနေလိုက်သည်။ထို့နောက် အတူပုန်းနေသော ဝန်ထမ်းများကပါ အလျိုလျိုထ၍စားကြသည်။
နာမည်ကြီးအဆိုတော်ဖြစ်ရသည့် ဘဝသည် ဘာကောင်းသလဲဟုမေးလာလျှင် ယခုထပ်ထိအသက်မသေနိုင်သေးတဲ့အကြောင်းပြချက်ဟုသူမဖြေမည်။schedule တွေဖျက် တက်ကြွကာအစောဆုံးရောက်နေသောကြောင့် မနက်ပိုင်းအချိန်အား အိမ်စာတွေပဲစားလေ့ရှိသောမေမေ့အား McDonald ထဲသို့ဆွဲခေါ်လာပြီးအချိန်ပေးဖို့ ဝမ်ဆုံးဖြတ်လိုက်သည်။အဆိုတော်တစ်ယောက်ဖြစ်ရန် train ထားသော ခန္ဓာကိုယ်သည် Luggage အိတ်ရှိ လက်ဆွဲ
သံချောင်းများအားဖြုတ်ရန်လုံလောက်ခဲ့ပြီး တစ်ဆက်တည်း ထိုအကောင်များအားသတ်ရန်လည်းလုံလောက်ခဲ့သည်။"အဆိုတော် Wendy ထင်တယ်"
"ဟုတ်ကဲ့"
"ဓာတ်ပုံလေးရိုက်ချင်လို့"
"သမီးတို့ အခုက အချိန်ကောင်းမဟုတ်-"
"ရတယ်မေမေ ရတယ်"
"ခရီးသည်များနားထောင်ပေးကြပါ။အသက်ရှင်နေသေးတယ်ဆို Gate-4 က B ကိုလာခဲ့ကြပါ။ညနေလေးနာရီတစ်ကြိမ်၊ည တစ်နာရီတစ်ကြိမ်၊မနက် ခြောက်နာရီတစ်ကြိမ် ကယ်ဆယ်ရေးယာဉ်များဆိုက်မှာဖြစ်ပါတယ်။အသက်ရှင်နေကြဖို့မျှော်လင့်ပါတယ်ဗျာ"
မျှော်လင့်ချက်ဆိုသည့်အရာသည်လူတစ်ယောက်၏ အပြုံးနှင့်မျက်လုံးများကိုတောက်ပအောင်လုပ်ပေးနိုင်သည်ဆိုသည့်အချက်ကို ဝမ်လက်ခံလိုက်ရသည်။
"ဟိုဘက်အခန်းကိုသိုလှောင်ခန်းပဲ တိတ်တွေရှိတယ် လက်ကိုပတ်ဖို့တော့ ဘာဂါအတွက်ထားတဲ့ စက္ကူသုံးလို့ရတယ်။"