"လေယာဉ်ရပ်မယ့်နေရာက ဒုတိယထပ်ကအဆောက်အအုံရဲ့ အစွန်ဘေးဆုံးမှာအစ်မ"
"အရေးပေါ်ထွက်ပေါက်မရှိဘူးလားဟင် ဗြောလ်"
"ရှိတယ်အစ်မ ဒီဘက်မှာတော့မဟုတ်ဘူး မျက်နှာချင်းဆိုင် ဆိုင်ခန်း ဘက်မှာ"
မျက်နှာချင်းဆိုင်မှဆိုင်ခန်းကိုကြည့်မိတော့ ဆွန်းဝမ်ရင်လေးသွားသည်။အကြောင်းမှာ လျှောက်လမ်းတစ်လျှောက်ရှိ ဖုတ်ကောင်များကြောင့်ဖြစ်သည်။
"ဗြောလ် Bluetooth box တွေနဲ့ဖုန်းတွေချိတ်ရအောင် ပြီးရင်အပေါက်ခပ်သေးသေးဖွင့်ပြီးဝေးနိုင်သလောက် ဝေးဝေးကိုပစ်ကြမယ်။သူတို့အဲ့ဘက်ကိုအာရုံရောက်နေတဲ့အချိန်ဆိုင်ခန်းဘက်ကိုပြေးကြစို့။အစ်မပစ်ပေးမယ်ပေး။"
20 လက်မနီးပါး box လေးလုံးအား ယူ၍တွားသွားလျက်ပင် ဝမ်ပစ်နိုင်သမျှဝေးဝေးကိုပစ်လိုက်သည်။လေးလုံးမြောက်အလုံးပစ်ရန်ပြင်စဉ်ပင် တံခါးနှင့်တိုက်မိကာ အသံခပ်ကျယ်ကျယ်ထွက်သွားသည်။တစ်ဆက်တည်းပြေးလာသောအကောင်များ။
"ဝင်ခဲ့တော့ ဝမ် ဝင်ခဲ့တော့"
အားလုံးကပြောနေသော်လည်း လေးလုံးမြောက် box အား သူမပစ်လိုက်ပါသည်။ထို့နောက် ရှေ့မှလက်တစ်စုံကြောင့်မျက်လုံးများကိုပိတ်လိုက်သည်။သူမကိုခြေထောက်မှနေ၍ ဆွဲယူလိုက်သော ယွန်းဗြောလ်နဲ့ဆယ်အင်း။ထို့နောက် ဂျီမင်းမှတံခါးအားခပ်မြန်မြန်ပိတ်လိုက်သည်။
"ဝမ်ရယ် မသေကောင်းမပျောက်ကောင်း နင့်အမေမှာနင်ပဲရှိတာဟဲ့"
သူမကိုပြောလျက်ပင် လက်မောင်းအားလာရိုက်သော မေမေ့အား ပြုံးပြ၍ စိတ်မပူရန်ပြောလိုက်သည်။
"ကျေးဇူးပဲကလေးတို့"
တစ်ဆက်တည်း ရှေ့တံခါးအားထုရိုက်သံကိုကြားရသည်။
"ဝမ် ဝမ် တံခါးဖွင့် ငါတို့"
သံတံခါးပေါက်နေသောနေရာမှကြည့်လိုက်တော့ ဂျူဟျွန်း၊Yerim နဲ့ ကောင်လေးတစ်ဦး။
"တံခါး တံခါးဖွင့်လိုက် ဂျီမင်း"
တံခါးခပ်ဟဟဖွင့်လိုက်သော်လည်း များပြားလှသောဖုတ်ကောင်များ။သူမတူတစ်ချောင်းကိုယူကာ ဂျူဟျွန်းအရှေ့ရှိဖုတ်ကောင်အားပစ်လိုက်သည်။ဝန်ထမ်းသုံးယောက်သည်လည်း ထွက်လာပြီးကူညီပေးသည်။သို့သော်အသံများကြောင့်အားလုံးရောက်လာသော၍ သူမတို့အားလုံး ဝင်ဖို့ပြင်ကြသည်။