Sehunလဲအိမ်ရောက်ရေမိုးချိုးပြီးပြင်ဆင်နေလိုက်တယ် ပြီးတော့သူလဲ chanyeolနဲ့၂ယောက်ထဲဆိုနဲနဲများပျင်းစရာကောင်းနေမလားဆိုပြီးဟို၂ကောင်ပါခေါ်လိုက်တယ်
📞Hello Suho ညနေကျ chanyeolနဲ့ barသွားမလို့မင်းတို့လာခဲ့ကြပါလား📞
📞အေးလာမှာပေါ့ဟ ငါတို့၂ယောက်ကအဲ့လိုလူစုံတာကိုစောင့်နေတာ ဟီးးခါတိုင်းဆို၂ယောက်ထဲပျင်းဖို့ကောင်းတယ်📞
📞အေးအေးငါသိသားပဲလာမယ်ဆိုတာ ဟိုကောင်ကိုရောခေါ်ခဲ့နော်📞
📞အေးပါကွာ အဲ့ကောင်လာမှာရယ်သူကသိတယ်မလားပျင်းတိုင်း barသွားနေတာ📞
📞အဲ့တာဆိုဒါပဲနော်📞
ဆိုပြီးဖုန်းချသွားတော့ suhoလဲ xiuminဆီ phဆက်ခေါ်လိုက်တယ်
ဒီလိုနဲ့ပဲည၇နာရီရောက်တော့ chanyeolလဲပြင်ဆင်ပြီး sehunအိမ်ကိုဝင်ခေါ်လိုက်တယ်
"ဟယ် Chanyeolလေးပါလား ညကြီးအပြင်သွားကြမလို့လား"
"ဟုတ်တယ် အန်တီ sehunကိုလာခေါ်တာ"
"မလာတာတောင်ကြာပြီမို့ အန်တီက သားကိုမေးနေတာ"
"ဟုတ်တယ် သားလဲအလုပ်တေရှုပ်နေလို့"
"အေးပါကွယ်"
Chanyeolနဲ့ sehunအမေစကားပြောနေတုန်းအိမ်ပေါ်ထပ်မှဆင်းလာတဲ့ sehun
T shirt အဝါလေးနဲ့အောက်ကဂျင်းဘောင်ဘီဒူးပြဲလေးကိုပေါ့ပေါ့ပါးပါးဝတ်ထားတယ်
"ဟော ဟိုမှာဆင်းလာနေပြီ "
"မေမေနဲ့ yeolဘာတေပြောနေကြတာလဲ"
"ဘာမှမဟုပါဘူး အခုသွားကြတော့မှာမလား"
"ဟုတ်တယ် မေမေသားညမိုးချုပ်မယ်ထင်တယ်"
"အရမ်းကြီးလဲမိုးမချုပ်နေနဲ့နော်သားလေး မေမေ့ကိုစိတ်ပူရအောင်မလုပ်နဲ့"
"အင်းပါမေမေရဲ့ "
"ဂရုစိုက်သွားကြနော်သားတို့ အရမ်းကြီးလမသောက်လာကြနဲ့ဦး"
"ဟုတ်ကဲ့ပါ "
ဆိုပြီးသူတို့၂ယောက်လဲအိမ်ထွက်လာခဲ့လိုက်ကြတယ်
YOU ARE READING
Waiting For You 💗(complete)