Chanyeolတယောက်တနေကုန်ဘယ်မှလဲမသွားပဲ sehunအကြောင်းကိုစဥ်းစားနေတယ်
ဘယ်နေရာမဆိုဘာပဲဖြစ်ဖြစ်ငါဘာတေပဲလုပ်လုပ်sehunကိုပဲအရင်ဆုံးအသိပေးချင်နေမိတယ် အရင်က sehunအပေါ်မှာအနိုင်ယူပြီးဆိုးခဲ့မိတယ်ဆိုတာကလဲသူဂရုစိုက်တာလေးကိုခံချင်လို့ ဒါပေမဲ့ချစ်လားဆိုတော့လဲသူနဲ့ငါကသူငယ်ချင်းတေလေဘလိုလုပ်ပြီးချစ်တာဖြစ်နိုင်မှာလဲ အရင်တုန်းကလဲ sehunကိုငါချစ်နေမိတာလားဆိုတဲ့စိတ်ကြီးကိုမေ့ဖို့အတွက်ကြောင့်အကို baekhyunကိုချစ်တယ်ဆိုပြီးဖွင့်ပြောလိုက်တာ
ဒါပေမဲ့လဲအကို baekhyunနဲ့သွားတွေ့နေတိုင်းလဲ sehunကိုမေ့မရခဲ့ဘူး club မှာတုန်းကလဲလူမှားပြီးနမ်းလိုက်တာမဟုဘူး ကျွန်တော့နောက်ကိုသူလိုက်လာခဲ့မယ်ဆိုတာကိုသိလို့တဖက်ကလူကိုအကူအညီတောင်းပြီးဟန်ဆောင်ခိုင်းခဲ့တာsehunကိုနမ်းချင်လို့ကိုနမ်းခဲ့တာ
ကျွန်တော်ဖွင့်ပြောလိုက်ရင်ကျွန်တော့ကိုများရွံသွားမလားသူငယ်ချင်းအနေနဲ့တောင်နေခွင့်မရှိတော့မှာကိုကျွန်တော်ကြောက်လွန်းလို့ဖွင့်မပြောရဲခဲ့ဘူးChanyeolလဲတနေကုန်စဥ်းစားနေမိတယ်ဒီည sehunနဲ့တွေ့ရင်ဖွင့်ပြောရမလားမပြောရမလားဆိုတာကို
ဘာလိုလိုနဲ့ ညနေတောင်ရောက်လာပေါ့
(ဒူ.......ဒူ.......)
ဖုန်းသံကြားလို့ကြည့်လိုက်တော့ sehunဖြစ်နေတယ်သူလဲဖုန်းကိုင်လိုက်တော့
"Hello chanyeolမလာသေးဘူးလား"
စဥ်းစားနေတာနဲ့ပဲအချိန်တေကုန်သွားမှန်းမသိလိုက်ဘူး
"အင်း လာတော့မှာလေ ပြင်ပြီးစောင့်နေနော်"
"ငါကပြင်ပြီးပေါ့ လာခေါ်တော့ဟို၂ကောင်ကလဲသွားနေပြီတဲ့"
"အော် အမ်းအမ်းလာပြီ"
ဆိုပြီး chanyeolလဲမြန်မြန်အဝတ်လဲပြင်ဆင်လိုက်ပြီးထွက်လာခဲ့တယ်
Sehunအိမ်ရောက်တော့ဒန်းလေးပေါ်မှာဖုန်းကြည့်ရင်းစောင့်နေတဲ့သူချစ်နေရတဲ့သူလေးပေါ့
သူလဲကားရပ်လိုက်ရောကားပေါ်တန်းပြီးတက်လာတယ်
"စောင့်နေတာကြာပြီလား"
YOU ARE READING
Waiting For You 💗(complete)