Answer(Zhanyi)
Chapter<1>နေ့တစ်နေ့ရဲ့နောက်ဆုံးချိန်ကထိုမျှလောက်လှပနေခဲ့မည်ကိုသူမသိခဲ့ရ..15နှစ်ကျော်ကြာအိပ်ယာထဲမယ်အထီးကျန်စွာလူးလွန့်၍မာနကြောင့်လူမသိသူမသိမြေခခဲ့ရတဲ့မျက်ရည်စက်တွေ..သုံးစားမရတော့တဲ့လူတစ်ယောက်လုံးလုံးဖြစ်ခဲ့ရချိန်မှာအနားရှိနေခဲ့တာကနောင်တများသာ...
ကောင်းကင်ပြာပေါ်တစ်ရိပ်ရိပ်ပြေးနေတဲ့လိမ္မော်ရောင်တိမ်ထုကြီးတွေကိုခပ်ကျဥ်းကျဥ်းအခန်းလေးထဲကနေငေးမောကြည့်နေရုံမျှသာသူတက်နိုင်သည်။သေရာပါလိုဖြစ်သွားရတဲ့ခန္တာကိုယ်ကသူ့ကိုလွတ်လပ်ခွင့်မပေးခဲ့သည်မှာကြာလေ၏။"Boss. ."
"ဟင်..အင်းး"
"ဟို..သားကနောက်ကျမယ်ထင်ပါတယ်.."
"အရင်ကရောဒီလိုပဲလား"
ဤသို့မေးရခြင်းမှာအခြားမဟုတ်..တစ်ဘဝလုံးအတွက်ဆုံးဖြတ်ရတဲ့အခိုက်အတန့်တစ်ဖက်လူကိုလည်းအောင့်သက်သက်ဖြစ်စေရမဲ့ကိစ္စမျိုးရှိမလာစေလိုသောကြောင့်..နောင်အခါစိတ်အခန့်မသင့်ခဲ့လျှင်..မိဘတွေကြောင့်ခေါင်းငြိမ့်ခဲ့ရပါတယ်ဆိုတဲ့အဖြေစကားကိုသူသိပ်မုန်းသည်။
"အရင် နေ့ ကနောက်မကျဘူးBoss. ."
"အင်း..ဆက်စောင့်လိုက်မယ်"
"အာ..ဟုတ်ပါပြီ"
တပည့်ဖြစ်သူလင်မယားရဲ့အခြေအနေကသူမှမကူညီရင်လမ်းဘေးဆင်းပေးရတော့မည်..တပည့်ဆိုပေမယ့်..ထိုလူကသူ့ထက်အသက်ကြီးတယ်။မတော်တဆမှုတစ်ခုကြောင့်လုပ်ငန်းတွေရပ်ဆိုင်းပစ်လိုက်ရတဲ့အခါထိုလင်မယားလည်းအကြွေးပင်လယ်နစ်ခဲ့ရတယ်။
"ကောင်လေးကငါ့ကိုလက်ခံနိုင်ပါ့မလား"
"ဟင်းးးသားကိုမပြောရသေးပေမယ့်..လက်ခံမှာသေချာပါတယ်.."
"ငါဒီတိုင်းကူညီလည်းရပေမယ့်..အနားမှာကူဖော်လောင်ဖက်ရှိချင်တာကြောင့်လုပ်ရတာပါ"
"စိတ်မပူပါနဲ့bossသားလေးကိုBossနဲ့ဆိုရင်မိန်းမကလည်းစိတ်ချပြီးသားပါတဲ့.."
သူ့ဘက်ကပြန်ပြောဖို့စကားလုံးရှာနေစဥ်မှာပဲတခိုးခိုးတခ်ခ်နဲ့အိမ်လေးထဲဝင်လာတဲ့လူငယ်လေးတစ်အုပ်ကိုတွေ့လိုက်ရတယ်။
YOU ARE READING
Answer[Completed]
Fanfictionအခြွေအရံဆိုတာခြွေမှရံကြတယ်မလား..အသက်40အရွယ်သူဌေးကြီးရှောင်ကျန့်ကဖြတ်သန်းခဲ့ရတဲ့သူ့ဘဝတစ်လျှောက်အပေါင်းအသင်းတွေနဲ့ချစ်ရသူမိန်းကလေးအပေါ်မြတ်မြတ်နိုးနိုးနဲ့ခြွေခဲ့ပါရဲ့..တစ်နေ့ကားမတော်တဆမှုတစ်ခုကြောင့်အိပ်ယာထဲလဲသွားရတဲ့အခြေအနေကျ..အနားမှာတစ်ယောက်မှရှိမနေ...